31 C
Yangon

စစ်ကိုင်းတွင် မင်းအောင်လှိုင် အမိန့်ဖြင့် စစ်တပ်ထောက်ခံသော ပြည်သူ့စစ် အမည်ခံ အဖွဲ့ ၇၇ ခု ဖွဲ့စည်းပြီး လက်နက်ပေါင်း ၂၀၈၀ တပ်ဆင်၊ တမူးနယ်စပ် ဂိတ် ပြန်ဖွင့်ရန် မင်းအောင်လှိုင်စဉ်းစားနေ

Must read

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်းတွင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် စစ်တပ်ထောက်ခံသော ပြည် သူ့ စစ်အမည်ခံအဖွဲ့ ၇၇ ဖွဲ့ကို ဖွဲ့စည်းထားပြီး လက်နက်ပေါင်း ၂၀၈၀ ခု တပ် ဆင်ပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် မြတ်ကျော်က မင်းအောင် လှိုင် ကို တင်ပြကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေပြည်တော်တွင် ကျင်းပခဲ့သည့် စစ်ကောင်စီ အလွတ် သဘောအစည်းအဝေး တွင် ၎င်းက ထိုသို့ တင်ပြခြင်းဖြစ်ကြောင်း သိရှိရသည်။

မြတ်ကျော်က စစ်ကိုင်းတိုင်း အစွန်အဖျားရှိ မြို့နယ်များမှ အမျိုးသား ဝန်ထမ်း များကို စည်းရုံး၍ လက်နက် တပ်ဆင်ပေးခြင်း၊ စစ်ပညာသင်ပေးခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း မင်းအောင်လှိုင်ကို တင်ပြကြောင်း သိရှိရသည်။

ထို့ပြင် တမူးနယ်စပ်ကို ပြန်ဖွင့်ပေးရန် မြတ်ကျော်က တောင်းဆိုရာ မင်းအောင် လှိုင်က တမူးနယ်စပ်ဂိတ်ကို ၎င်းပိတ်ထားခြင်းဖြစ်ကြောင်း၊ တမူးနယ်စပ် ဂိတ် အခြေ အနေကို စိစစ်ပြီး ပြန်လည် တင်ပြရန်နှင့် ပြန်စစ်ပြီးလျှင် ဖွင့်၊ မဖွင့် လုပ် ဆောင်ပေးမည်ဖြစ်ကြောင်း ပြောဆိုကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article