30 C
Yangon

စစ်ကိုင်းတွင် စစ်တပ်ထောက်ခံသော မဘသ ဘုန်းကြီးများကိုယ်တိုင် လက် နက်ကိုင် ဦးဆောင်၍ ပြည်သူ့ စစ်အမည်ခံ အဖွဲ့များ ဖွဲ့စည်း(ရုပ်/သံ)

Must read

ရန်ကုန်၊မတ် ၁

စစ်ကိုင်းတိုင်း တန့်ဆည်မြိုနယ်အတွင်းတွင် စစ်တပ်ထောက်ခံသော မဘသ ဘုန်းကြီးများကိုယ်တိုင် စစ်သင်တန်းတက်ခြင်း၊ လက်နက်များကိုင်ဆောင်ခြင်း အပါအဝင် ဦးဆောင်မှုများလုပ်၍ ပြည်သူ့စစ်အမည်ခံ အဖွဲ့များ ဖွဲ့စည်းထားကြောင်း ဒေသခံများနှင့် စစ်ထောက်ခံသူ အသိုင်းအ၀ိုင်းဘက်မှ စုံစမ်းသိရှိရသည်။

စစ်တပ်ထောက်ခံသော အသိုင်းအဝိုင်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ စစ်ကိုင်း တိုင်း၊ တန့်ဆည်မြို့နယ်ကျွန်းလည်ရွာ ကဘဲရွာ မူးကျင်းရွာ၊ ဘေရင်း ရွာမှ ဦးဝါသဝ၊ ဦးဝီရရာဇာ တို့ကဲ့သို့ သော မဘသ ဘုန်းကြီး များ (သင်္ကန်း ပေါ်တွင် ပစ္စတိုနှင့် စက်သေနတ်များ လွယ်ထား) ၊ စစ်တပ်မှ ဗိုလ်ကြီး ကျော် သူရိန်၊ ကျေးရွာ ပြည်သူ့စစ်အမည်ခံ အဖွဲ့ခေါင်းဆောင် ဦးညွန့်ခိုင်တို့ အစည်း အဝေး လုပ်ဆောင်ကြသော ဗီဒီယိုတစ်ခုကို ဖြန့်ဝေလျက်ရှိသည်။

ရန်ကုန်ခေတ်သစ်က တန့်ဆည်ဒေသခံများထံ မေးမြန်းရာ စစ်တပ်က ၎င်းတို့ ကိုထောက်ခံသူများကို မဘသ ဘုန်းကြီး ကျောင်းများတွင် စုစည်း၍ ပြည်သူ့ စစ်အဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ စစ်သင်တန်းပေးခြင်း၊ လက်နက်ထုတ် ပေးခြင်း များ လုပ်ဆောင်ကြောင်း၊ စစ်တပ်ထောက်ခံသော မဘသ ဘုန်းကြီး များက လည်း စစ်သင်တန်းတက်ရောက်သည့်အပြင် ၎င်းတို့ကိုယ်တိုင် လက်နက်များ ကိုင်ဆောင်ကြကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီခန့် ဝန်ကြီးချုပ် မြတ်ကျော်၏ အဆိုအရ စစ်တပ် က ပြည်သူ့ စစ်အမည်ခံအဖွဲ့ ၇၇ ဖွဲ့ရှိပြီး လက်နက်ပေါင်း ၂၀၈၀ တပ် ဆင် ပြီးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article