36 C
Yangon

တနင်္သာရီ ပဝရွာရှိ ပြည်သူပိုင်နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၁

တနင်္သာရီမြို့နယ် ပဝရွာတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ထိုသို့ မီးရှို့ဖျက်ဆီးရာတွင် ကျေးရွာအတွင်းရှိ NLD ပါတီရုံးကို စစ်တပ်က စတင်မီးရှို့ဖျက်ဆီးပြီးနောက် ပါတီရုံးအနီးအနားရှိ ပြည်သူ နေအိမ်များပါ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး ပြည်သူပိုင်နေအိမ် ၃လုံး ထက်မနည်း မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများထံမှသိရသည်။

“စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့လို့ တရွာလုံးစစ်ဘေးရှောင်နေကြရတယ် ရွာထဲမှာ စစ်တပ်နဲ့ ပျူစောထီးတွေပဲရှိတာ NLD ပါတီရုံးကို သူတို့ မီးစရှို့တယ်။ ပြီးတော့ ဘေးအိမ်တွေပါ မီးကူးပြီးလောင်သွားတာ” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက ခိုးယူလုယက်ခဲ့ကာ ဒေသခံပြည်သူများသည် လက်ရှိချိန်ထိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့် နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။

Photo – Dawei Information Center

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article