30 C
Yangon

ဒီမော့ဆိုတွင် တင့်ကားတစ်စီးပျက်စီးကာ စစ်သား ၂၄ ဦး သေ၊ ထီးချိုင့်တွင် စစ်သား ၁၃ ဦးသေဆုံးပြီး အလောင်းများမီးရှို့ထားခဲ့၊ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတွင် မတ်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ကျွန်းတောကျေးရွာတွင် အင်အား ၄၀၀ ခန့်ရှိသော စစ်ကောင်စီတပ်များကို KNDF ၊ KDF ၊ GZ21 ၊ DMSO PDF ၊ Loikaw PDF တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၂၄ ဦးသေဆုံးပြီး တင့်ကား တစ်စီးပျက်စီးသွားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန် ဗန်းမော် – မန္တလေး အဝေးပြေးလမ်းမကြီးပေါ်၌ တိုက်ပွဲဖြစ်ရာ စစ်သား ၁၃ ဦးခန့်သေပြီး ၈ ဦးခန့်ဒဏ်ရာရရှိကြောင်း၊ ကျော်သာ ယူကလစ်စိုက်ခင်းအနောက်တွင် စစ်သားအလောင်းတစ်ချို့ မီးရှို့ထားကြောင်းတွေ့ရှိရကြောင်း Fox Army-HPDFက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးကြောင်း ယနေ့ ရန်ကုန်ခေတ်သစ်က စာရင်းကောက်ယူရရှိသည်။

ဓာတ်ပုံ- ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန် ဗန်းမော် – မန္တလေး အဝေးပြေးလမ်းမကြီးပေါ်၌ တိုက်ပွဲဖြစ်ရာ စစ်သား ၁၃ ဦးခန့်သေပြီး မီးရှို့ထားသော အလောင်းတစ်ချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article