ရန်ကုန်၊ မတ် ၂
အကြမ်းဖက် စစ်ကောင်စီက ဖွင့်လှစ်ထားသော စစ်ကျွန်ပညာရေးကျောင်း တက် ရောက်နေသူများကို သမဝါယမ တက္ကသိုလ် ကောလိပ်များ၏ ယာယီ တက္ကသိုလ် ကောင်စီက မတ်လ ၁ရက်နေ့ ရက်စွဲဖြင့် အမည်ပျက် စာရင်းကြေညာ ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
စစ်ကျွန် ပညာရေးဖြစ်သော အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုလက် အောက် ခံများက ဖွင့်လှစ်သည့် သင်တန်းများတွင် စာရင်းပေးသွင်း အပ်နှံခြင်း၊ တက်ရောက်ခြင်းများ ပြုလုပ်နေကြောင်း တွေ့ရှိရပြီး အာဏာသိမ်း အကြမ်း ဖက် စစ်အုပ်စု လက်အောက်ခံများမှ ဖွင့်လှစ်သော သင်တန်းများတွင် စာရင်းပေးသွင်း အပ်နှံခြင်းနှင့် တက်ရောက်ခြင်း ပြုလုပ်နေသော ကျောင်းသား/ကျောင်းသူများကို သမဝါယမ တက္ကသိုလ်/ကောလိပ်များနှင့် ယွန်း ပညာကောလိပ်၏ အမည်ပျက် ကျောင်းသား/ကျောင်းသူများ အဖြစ် စာရင်းသွင်း လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အမျိုးသား ညီညွတ်ရေး အစိုးရကလည်း ၂ဝ၂၁ ခုနှစ် ဧပြီလ ၂၆ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီက ပေးအပ်သည့် ဘွဲ့၊ ဒီဂရီ၊ လက်မှတ်များ အား လုံးကို အသိအမှတ်မပြုကြောင်း ကြေညာထားပြီး သမဝါယမတက္ကသိုလ် ကောလိပ်များ၏ ယာယီ တက္ကသိုလ် ကောင်စီက အမည်ပျက်စာရင်းဝင် ကျောင်း သား/ကျောင်းသူများကို စာသင်နှစ် ၂နှစ် ကျောင်းတက်ခွင့် ရပ်ဆိုင်းသွားမည်ဖြစ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနား တက်ရောက်ခွင့်ကို ရာသက်ပန် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- မန္တလေး သမဝါယမ ကောလိပ်။