29 C
Yangon

အကြမ်းဖက် စစ်ကောင်စီတပ်များ ရွှေကျင်ရွာကို မီးရှို့၊ ပြည်သူများ နေအိမ်အားလုံး လောင်ကျွမ်းနိုင်

Must read

ရန်ကုန်၊ မတ် ၂

တန့်ဆည်မြို့နယ် ရွှေကျင်ရွာကို အကြမ်းဖက် စစ်ကောင်စီဝင်နှင့် ပျူစောထီးများ ယနေ့ မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီခွဲမှ စတင်ကာ မီးရှို့နေကာ ပြည်သူများ အားလုံး ထွက်ပြေးနေကြရကြောင်း ဒေသခံများထံမှ သိရှိရသည်။။ “တစ်ရွာလုံးပြေးနေရပြီ။ လူတွေက ဘေးကင်းပေမယ့် အိမ်တွေက အကုန်။ ရွာငယ်သေးသေးလေးကို ရှို့နေကြတာ” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။ အဆိုပါ ရွှေကျင်ရွာမှာ ယခုအကြိမ်တွင် ဒုတိယ အကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး အိမ်ခြေ ၄၀ ခန့်ရှိ ရွာငယ်လေးဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article