36 C
Yangon

တောင်ငူတွင် စစ်ကြောင်း မိုင်းဆွဲ ခံရပြီး စစ်သား ၈ ဦးသေဆုံး၊ တောင်သာ ရဲစခန်း ၄ဝ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ၊ ပေါက်နှင့် ရွှေဘိုတွင် စစ်ကြောင်းများ မိုင်းဆွဲခံရပြီး စစ်သားနှင့် ပျူစောထီး ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၃၀

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ စမိုးလမ်း‌ အနီးတွင် ယနေ့ ဧပြီ ၃၀ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်ခန့်၌ အင်အား ၃ဝ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ စစ် ကြောင်း ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ ၊ တပ်ခွဲ ၃ မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ် သား ၈ဦး သေဆုံးခဲ့ကြောင်း PDF တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီ ၂၉ ရက် နံနက် ၉ နာရီခန့်ကလည်း တောင်ငူမြို့နယ် ဝက်ခေါက်စိန် ကျေး ရွာအုပ်စု မြာရွာ အနီးရှိ PDF တပ်ဖွဲ့ဝင်များအား အကြမ်းဖက် စစ်ကောင်စီမှ အင်အားသုံး လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက် စစ်တက်က မြာရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ပြည်သူ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့ ရဲစခန်းကို ဧပြီလ ၃ဝ ရက်နေ့ နံနက် ၁၁နာရီ ၃ဝမိနစ်ခန့်က တောင်သာ PDF တပ်ဖွဲ့မှ ၄ဝ မမ ဗုံးပစ်လောင် ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲ ၄ဦးထိမှန်ခဲ့ကြောင်း တောင်သာ PDF တပ်ဖွဲ့ထံမှ သိရသည်။

တောင်သာ PDF တပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲစခန်း လိုင်းခန်းရှိ လူပျိုဆောင်ပေါ် ကျရောက်ခဲ့ပြီး ရဲ ၄ဦးထိမှန်ခဲ့ကာ သေဆုံးမှုရှိမရှိကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်း တောင်ဘက်ကြီးကျေးရွာကို ဧပြီလ ၃ဝ ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ၃ ကြိမ်မြောက် မီးရှို့ဖျက်ဆီးပြီးနောက် ပြန်လာစဉ် ပေါက် တောင်ပိုင်း ပြောက် ကျားတပ် S.P.G.Fမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း SPGF တပ်ဖွဲ့ထံမှ သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဇီးဖြူကုန်း ကျေးရွာတွင် တပ်စွဲထားကာ ကင်းလှည့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် C&T SHWEBO| SNAKE EYE PDF၊ ဒေါင်းမာန်၊ ဗိုလ်ကျားရိုင်း ပကဖ၊ ALpha 7တို့က ပူးပေါင်းကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – Anadolu Agency

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article