32 C
Yangon

ပြင်ဦးလွင်စစ်တက္ကသိုလ်ဂိတ်ပေါက်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ မန္တလေးတွင် မြို့နယ်ထွေ/အုပ်ရုံးနှင့်ရပ်ကွက်အုပ်ချုပ်ရေးရုံးကို ဝင်ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁

မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် ဂိတ်ကို ယနေ့ညပိုင်းတွင် လက်ပစ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင် PDF က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို PDF POL နှင့် MMUGR တို့ က ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ပြီး ပြင်ဦးလွင်စစ်တက္က သိုလ် စာပေ ၂ ရှိရာ ဂိတ်ပေါက်ကို လက်ပစ်ဗုံး ဖြင့် ယနေ့ည ၇ နာရီ ၂၀ မိနစ် အချိန်တွင် ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှု စုံစမ်းဆဲဖြစ်ကြောင်း ပြင်ဦးလွင် PDF က ဆိုသည်။

အလားတူ ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန် ၄၃ လမ်း၊ ၆၅ လမ်း၊ ၆၆ လမ်းကြားရှိ မဟာအောင်မြေမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တပ် စွဲထားသော စစ်တပ်ကို သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခဲံကြောင်း၊ ယင်းနောက် ည ၈ နာရီ ၂၀ မိနစ်အချိန် ၃၃ လမ်း၊ ၈၇ Dလမ်းထောင့်ရှိ ရပ်ကွက်ရုံးတွင် တပ်စွဲထား‌သော စစ်တပ်ကို ဝင်ပစ်ခတ်ရာ စစ်သား ၄ ဦးထိမှန်ပြီး ၃ ဦးသေဆုံးကြောင်း၊ တိုက်ခိုက်မှုကို တော်လှန်ရေးတပ်ဖွဲ့ ၆ ခုပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြေ‌ြာင်း Justice Mandalay PDFက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပြင်ဦးလွင် စစ်တက္ကသိုလ်မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article