32 C
Yangon

နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုရန်နှင့် တော်လှန်ရေးအားသစ် လောင်းရန် ရန်ကုန် မြို့နယ်များတွင် ည ၁၂ နာရီ ဗုံးများ ဆက်တိုက်ဖောက်ခွဲ ဂုဏ်ပြု

Must read

ရန်ကုန်၊ ဧပြီ ၂

နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုရန်နှင့် တော်လှန်ရေးအားသစ် လောင်းရန် ညသန်းခေါင်ယံ ဖောက်ခွဲမှုများ ပြုလုပ်မည်ဟု People Defense and Guerrilla Vanguard – PDGVက ကြေညာပြီးနောက် ဧပြီလ ၁ ရက်နေ့မှ ၂ ရက်နေ့အကူး ည ၁၂ နာရီကျော်ဝန်းကျင်အချိန် ရန်ကုန်တိုင်း မြို့နယ်များတွင် ဗုံးများဆက်တိုက်ပေါက်ကွဲခဲ့သည်။

People Defense and Guerrilla Vanguard – PDGVက ဧပြီ ၁ ရက်နေ့ ညသန်းခေါင်းယံအချိန် ရန်ကုန်မြို့တွင်း ဖောက်ခွဲသံများကြားပါက မလန့်ကြရန် ကြိုတင် အသိပေးထားခဲ့ပြီးနောက် မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၊တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သာကေတမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွက်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်တို့တွင် ည ၁၂ နာရီကျော်အချိန်တွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲကြောင်း သိရှိရသည်။

“ဗုံးက ပထမ ၁ လုံး၊ နောက် ဒုတိယအကြိမ်မှာ ၂ လုံးဆက်တိုက်ပေါက်တယ်။ ညသန်းခေါင်ယံဆိုတော့ အသံကတော့အရမ်းကျယ်တာပဲ။ ခဏနေတော့ စစ်ကားတွေ သွားသံတွေကြားရတယ်” ဟု ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီးနေထိုင်သူတစ်ဦးက ပြောသည်။

တော်လှန်ရေးကာလအတွင်း ကျဆုံးအာဇာနည်များ၏ မိသားစုဝင်များသည် စစ်ကောင်စီ၏ ဖိနှိပ်အုပ်ချုပ်မှုစည်းကမ်းမဲ့ ဖမ်းဆီးနှိပ် စက်မှုများကို စိုးရိမ်ထိတ်လန့်သောကြောင့် သပိတ်ဆွမ်းပင် အတိအလင်းသွပ်ရန် မဝံ့မရဲဖြစ်ခဲ့ကြသော ကျန်ရစ်မိသားစုများနှင့် ကျဆုံးအာဇာနည်များကို ရည်စူး၍ ညသန်းခေါင်းယံအချိန်တွင် သုံးကြိမ်၊ သုံးခါဖောက်ခွဲ၍ ဂုဏ်ပြုခြင်းဖြစ်ကြောင်း People Defense and Guerrilla Vanguard – PDGVက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များက ဗုံးပေါက်ကွဲသံများကြားရသောအခါ ပေါက်ကွဲသံလာရာဆီသို့ အပူတပြင်းကားများဖြင့် ရောက်ရှိလာပြီး သေနတ်များဖြင့် ရမ်းကားပစ်ခတ်မှုများလုပ်ဆောင်ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းဖြစ်သည်)

Photo- Agencies။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article