32 C
Yangon

အရာတော်၊ သစ်ကျင်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်၊ စစ်သား ၇ ဦးသေဆုံးပြီး စစ်တပ် သုံးနေသည့်ဆိုင်ကယ်၃ စီးနှင့်အယောင်ဆောင် လူနာတင်ကား သိမ်းဆည်းရ

Must read

ရန်ကုန်၊ ဧပြီ ၂

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊သစ်ကျင်းကြီးကျေးရွာရှိ စစ်ကောင်စီစခန်းကို ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် PDF တပ်ပေါင်းစုက သိမ်းပိုက်နိုင်ကြောင်း သတင်းထုတ်ပြန်သည်။

မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) နှင့်အတူ သပြေညို၊ FALCON FORCE၊ အရာတော်ဘုန်းနိုင်၊ ပတ္တမြားညီနောင်အဖွဲ့များက လက်နက်ကြီး၊လက်နက်ငယ် များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း ၊ တိုက်ပွဲဖြစ်ပွားချိန်(၂)နာရီကျော်ကြာမြင့်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်တပ်စခန်းကို PDF တပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည့်အပြင် ဆိုင်ကယ်(၃)စီးသိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ကောင်စီတပ်များက အယောင်ဆောင် အသုံးပြုလျက်ရှိသည့် လူနာတင်ယာဉ်လည်းလက်နက်ကြီးထိမှန်ပျက်စီးမီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article