32 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်တပ်စခန်းများနှင့် စစ်ကြောင်းများကို KNLA နေ့စဉ် တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်တပ်စခန်းများနှင့် စစ်ကြောင်းများကို ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA က နေ့စဉ် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီအချိန် KNLA က စစ်ကောင်စီ၏ ခေါပူ(ခေါပုပ်)စခန်းကို ဝင်ရောက်တိုက် ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ တစ်ဉီးသေဆုံးသွားကြောင်း၊ နံနက် ၁၀ နာရီအချိန်တွင် ဖာပွန်အခြေစိုက်စစ်တပ်က ကလော်ထာကျေးရွာအုပ်စုအတွင်းရှိ ဒေဘောခေါ်၊ တိုသေဖူး၊ ကနဲဃေါထာ၊ ဒူးပရက်ကျိုး၊ ထီးညာလီခီးနှင့် ထိုလွီကျိုးကျေးရွာများအတွင်းသို့ အမြောက်လက်နက်ကြီး (၂၀)လုံးကျော်ပစ်ခတ်ခဲ့ကြောင်း၊ ဒေသခံများတစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီ အချိန် စစ်ကောင်စီ၏ ၄၃၄ တပ်စခန်းကို တစ်ကြိမ်၊ နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ကူးဆိပ်စခန်းကို တစ်ကြိမ်နှင့် နံနက် ၁၁ နာရီ ၁၇ မိနစ်အချိန်တွင် စစ်တပ် ၄၃၄ စခန်းကိုပင် နောက်ထပ်တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ဝင်ရောက်ပစ်ခတ်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထို့ပြင် မတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန် လက်ပန်းကျရှေ့တန်းစစ်သည်များ တပ်ချိန်းရန် ကမာမို(ကမမောင်း)မှ ကတဲတိ(ကတိုင်တိ)သို့ ဉီးတည်မောင်းနှင်လာသော စစ်ကောင်စီတပ်၊ တပ်သား ၄၀ကျော်ခန့်ပါ ၁၀ ဘီးကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၃ နာရီ ၃ မိနစ်အချိန် လမ်းကင်းယူနေသည့် စစ်ကောင်စီဘက်တော်သား BGFတပ်ဖွဲ့ကို ထီးသဘလူကလိုးတွင်တစ်ကြိမ်၊ ညနေ ၃ နာရီ ၄၆ မိနစ်အချိန်တွင်တစ်ကြိမ် KNLA က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNU စစ်သည်များ။

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article