24 C
Yangon

ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ကာ ပြည်သူပိုင်နေအိမ်များကို မီးတင်ရှို့

Must read

ရန်ကုန်၊ ဧပြီ ၃

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် ၊ ငါးကြီးတင်းကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ အင်အား ၈၀ ခန့်သည် ယနေ့ ဧပြီ ၃ ရက်နေ့ မနက် ၈ နာရီဝန်းကျင်တွင် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ကာ ပြည်သူများ နေအိမ်ကို မီးတင်ရှို့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ သိရှိရသည်။

“၉ နာရီ ၂၀ မှာ စ မီးတင်ရှို့တာ အခုထိ လိုက်တင်နေတုန်း ၊ ဘယ်သူမှ ကပ်မရဘူး” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ငါးတင်းကြီးကျေးရွာသည် အိမ်ခြေ ၁၀၀၀ ခန့်ရှိပြီး အဆိုပါ ကျေးရွာကို မီးတင်ရှို့နေသည့် အကြမ်းဖက်စစ်ကောင်စီဝင်များသည် မင်းဝံစိုက်ကွင်းကျေးရွာကိုလည်း ဧပြီ ၁ ရက်နှင့် ၂ ရက်နေ့များတွင် နှစ်ရက် ဆက်တိုက် မီးတင်ရှို့ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article