27 C
Yangon

ဆားလင်းကြီးရဲစခန်းကို PDF မဟာမိတ် ၁၀ ဖွဲ့က ၆၀ မမ စိန်ပြောင်းလက် နက်ဖြင့် အချက် ၄၀ ကျော် ပစ်ခတ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဧပြီ ၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးရဲစခန်းကို PDF ၁၀ဖွဲ့ပေါင်းပြီး ၆၀ မမ လက်နက်စိန်ပြောင်း ၇ လက်နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ Unity Force Monywa အဖွဲ့တာဝန်ခံက ပြောပါတယ်။

ဧပြီ ၃ ရက်နေ့ ည ၉နာရီကျော်လောက်မှာ စတင်ပစ်ခတ်ခဲ့ပြီးတော့ စုစုပေါင်း အချက်ရေ ၄၀ ချက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Unity Force Monywa အဖွဲ့တာဝန်ခံက ပြောပါတယ်။

” ဆားလင်းကြီးမြို့မှာ အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်ကအိမ်တွေကိုလည်းချိတ်တွေပိတ်တယ်၊ ပြည်သူပိုင်ပစ္စည်းတွေမတရားယူတယ်၊ပြည်သူတွေကတိုင် ကြားထားတာကြောင့် ခုခံတိုက်ခိုက်ရတာ၊၁၀ ဖွဲ့ပူးပေါင်းပြီးပစ်ခတ်ခဲ့တာ၊လက် နက်ကြီး ၆၀ မမ စိန်ပြောင်းနဲ့လှမ်းထုခဲ့တာပါ၊စစ်ကောင်စီဘက်ကလည်းပြန်ပစ်ခတ်တာရှိတယ်ဗျ၊ ဒီနေ့မနက်သိရတာတော့ ဒဏ်ရာရသူရှိတဲ့အပြင်သေတဲ့လူလည်းရှိတယ်” လို့ တာဝန်ခံက ပြောပါတယ်။

ဆားလင်းကြီးရဲစခန်းမှာ စစ်ကောင်စီက တပ်စွဲထားပြီး စစ်သားနဲ့ ရဲ အင်အား ၂၀၀ နီးပါးရှိနေတာကြောင့် Unity Force Monywa ၊ Brother Defense Force အပါအဝင် မဟာမိတ် ၁၀ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article