26 C
Yangon

ပျံလွှားအောင် စစ်ဆင်ရေး ၇ လတာအတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး ပစ်မှတ်ပေါင်း ၁၁ ၂၈ ခုကို တိုက်ခိုက်ခဲ့

Must read

ရန်ကုန်၊ ဧပြီ ၇

ရန်ကုန်တိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများအားလုံးပါဝင်သော ပျံလွှားအောင် စစ်ဆင်ရေး ၇ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေးပစ်မှတ်ပေါင်း ၁၁၈၂ ခုကို အခက်အခဲများစွာကြားမှ တော်လှန်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်သည်။

ရန်ကုန်၊ အရှေ့ပိုင်းခရိုင်တွင် အုပ်ချုပ်ရေးပစ်မှတ် ၁၃၉ ခု၊ စစ်ရေးပစ်မှတ် ၁၉၆ ခု၊ စီးပွါးရေးပစ်မှတ် ၂၃ ခု၊ အနောက်ပိုင်းခရိုင်တွင် အုပ်ချုပ်ရေးပစ်မှတ် ၇၆ ခု၊ စစ်ရေးပစ်မှတ် ၁၀၄ ခု၊ စီးပွါးရေးပစ်မှတ် ၂၆ ခု၊ တောင်ပိုင်းခရိုင်တွင် အုပ်ချုပ်ရေးပစ်မှတ် ၉၆ ခု၊ စစ်ရေးပစ်မှတ် ၁၀၂ ခု၊ စီးပွါးရေးပစ်မှတ် ၂၄ ခု၊ မြောက်ပိုင်းခရိုင်တွင် အုပ်ချုပ်ရေးပစ်မှတ် ၁၃၂ ခု၊ စစ်ရေးပစ်မှတ် ၁၈၅ ခု၊ စီးပွါးရေးပစ်မှတ် ၂၅ ခုကို တော်လှန်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် စတင်ခဲ့သော ပျံလွှားအောင်စစ်ဆင်ရေးကို ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ကွပ်ကဲခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ မဟာမိတ် မြေအောက်တော်လှန်ရေးအင်အားစုများ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့များနှင့် လက်တွဲ၍ အကောင်အထည်ဖော်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွါးရေးပစ်မှတ်ပေါင်း ၄၁၉ ခုအား တော်လှန်တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ ၂၅၃ ဦး သေဆုံးပြီး၊ ၃၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် “ပျံလွှားအောင်” စစ်ဆင်ရေးအား ၇ လတာ ဆောင်ရွက်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီခန့် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ သန်းသန်းဆွေအား ယနေ့ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းတွင် နောက်ဆုံးစစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ကာ ‘ပျံလွှားအောင်” စစ်ဆင်ရေးအား အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်းနှင့် “ပျံလွှားအောင်” စစ်ဆင်ရေးအား အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီဖြစ်သော်လည်း မပြီးဆုံးသေးသော စစ်အာဏာရှင်တော်လှန်ရေးကို အမြစ်ပြတ်သည်အထိ ဆက်လက် တော်လှန်တိုက်ခိုက်နိုင်ရေးအတွက် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့သည် စစ်ဆင်ရေးပုံသဏ္ဍာန်အသစ်တစ်ခုကို စတင်ပြီဖြစ်ကြောင်း အသိပေးကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article