25 C
Yangon

လွိုင်ကော်၊ ငွေတောင်သစ်ရွာတိုက်ပွဲတွင် စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို သေ ဆုံးဟုဆို၊ စစ်ကိုင်းမြို့နယ် ဆားတောင်မြို့တွင် တိုက်ပွဲဖြစ်ပြီး စစ်သားနှင့်ပျူစောထီး ၂၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၈

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ငွေတောင်သစ်ရွာတိုက်ပွဲတွင် စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဧပြီလ ၈ ရက်နေ့ ငွေတောင်ရွာသစ်တိုက်ပွဲတွင် အထူးစစ်ဆင်ရေးစနိုက်ပါ အဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ဧပြီလ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ဧပြီလ ၇ ရက်နေ့တွင်မူ စစ်ကောင်စီတပ်၏ စနိုက်ပါသမားတစ်ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း သတင်းထုတ်ပြန်သည်။

အလားတူ ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ညောင်ငုတ္တိုရွာတွင် တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၁၂ ဦးသေဆုံးကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးသေဆုံးကြောင်း၊ တိုက်ခိုက်မှုများကို PDF မဟာမိတ် ၈ ဖွဲ့ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article