29 C
Yangon

❝အပျော်သင်္ကြန် ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ❞တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်း ချီတက်

Must read

ရန်ကုန်၊ ဧပြီ ၈

အကြမ်းဖက်စစ်အုပ်စုက လုပ်ကြံဖန်တီးနေတဲ့ အတု အယောင် “အပျော်သင်္ကြန်” နဲ့ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်တွေကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ ကြွေးကြော်သံနဲ့ ယနေ့ မုံရွာမြို့ လူငယ်များနဲ့ ရပ် ကွက်လူထုသပိတ်က ချီတက်ကြပါတယ်။

အပျော်သင်္ကြန်မဟုတ်တဲ့ တော်လှန်သင်္ကြန်မှာ တော် လှန်ရေးကာလနဲ့ လိုက်ဖက်ပြီး တော်လှန်ရေးကို အထောက်အပံ့ဖြစ်မယ့်၊ သင်္ကြန်ရနံ့ သင်္ကြန်ဓလေ့နဲ့ လည်းလိုက်ဖက်တဲ့ လူထုလှုပ်ရှားမှုများဖြင့် ဆင်နွှဲဖြတ်သန်းကြဖို့ ဖြစ်တယ်။

တော်လှန်ရေးကြီးမှာ ရှေ့တန်းကျကျ ပါဝင်ခဲ့ကြတဲ့၊ ပါဝင်နေကြတဲ့၊ ပေးဆပ်ထည့်ဝင်ကြတဲ့ အာဇာနည်ပုဂ္ဂိုလ်များ၊ သူရဲကောင်းများ၊ ရဲဘော်များ၊ ပြည်သူများကို အသိအမှတ်ပြုခြင်း၊ စာနာခြင်း၊ လေးစားခြင်း၊ ဂုဏ်ပြုခြင်း၊ တန်ဖိုးထားခြင်း၊ ထောက်ပံ့ကူညီခြင်း၊ အားပေးခြင်းတို့ကို တော်လှန်သင်္ကြန်ကာလတွေမှာ “လူထုလှုပ်ရှားမှုကြီး” အဖြစ် အုံနဲ့ကျင်းနဲ့ ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့်၊ လေးလေးနက်နက် ဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်္ကြန်ဓလေ့နဲ့ လိုက်ဖက်တဲ့ “သပိတ်” တွေလည်း ဆင်နွှဲကြရန် ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article