30 C
Yangon

ပေါက်မြို့နယ်တွင် ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၇ ဦးကို လက်လုပ်သေ နတ် ၂ လက်ဖြင့် PDF ရဲဘော် ၅ ဦးက ဖမ်းဆီး၊ ခုခံထွက်ပြေးစဉ် ပစ်ခတ်မှုကြောင့်သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၉

မကွေးတိုင်း၊ပေါက်မြို့နယ်တွင် ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၇ ဦးကို လက် လုပ်သေနတ် ၂ လက်ဖြင့် PDF ရဲဘော် ၅ ဦးက ဖမ်းဆီးခဲ့ပြီး ခုခံထွက်ပြေးစဉ် ပစ် ခတ်မှုကြောင့် သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်က သတင်းထုတ်ပြန်သည်။

ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် JUSTICE RANGER အဖွဲ့မှ တပ်သား ၅ ဦး သည် လက်လုပ်ခါးချိုးသေနတ် ၂ လက်ဖြင့် ၂၂ဘီးကား၃ စီးနှင့်အတူ စစစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို အရေးပေါ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း တို့ နှင့်အတူ MA-3 သေနတ် ၇ လက်၊ ၅ ဒသမ ၅၆ မမ ကျည် ၇၀၀ ခန့် နှင့် ဖုန်း ၁၀ လုံးတို့ကို သိမ်းဆည်း ဖမ်းဆီးရမိကြောင်း သိရှိရသည်။

ဖမ်းဆီးရမိခဲ့သော ကား ၃ စီးအနက်မှ Aluminum Round Comps တင် ဆောင်သော ၂၂ဘီးကားတစ်စီးနှင့် Ferrous (mortar shell) တင်ဆောင်သော ၂၂ ဘီးကားတစ်စီးတို့ကို ပေါက်မြို့နယ်နှင့်ဝေးကွာသော လွတ်မြောက်နယ်မြေသို့ မဟာမိတ်ညီနောင်များ၏အကူအညီဖြင့် နေရာတခုတွင် မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

Ferrous (Scrap & cutting )တင်ဆောင်သော ၂၂ဘီးကားတစ်စီးမှာ ပေါက်-ဆိပ်ဖြူလမ်းဘေးတွင် ဘီးပေါက်သွားသဖြင့် အနီးနားတစ်နေရာသို့သိမ်းဆည်းထားခဲ့ကြောင်း၊ ထိုကားကို ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က စစ် ကြောင်းချီတက်လာရင်း တွေ့ရှိသွား၍ ကပဆ(၂၂) ရွှေဘိုကျွန်းသို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို စခန်းတွင် ထိန်းသိမ်းထားစဉ် စစ်ကြောင်းထိုးလာချိန်တွင် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article