ရန်ကုန်၊ ဧပြီ ၁၃
ရန်ကုန်၊ မန္တလေးမြို့တွင် အကြမ်းဖက်စစ်ကောင်စီဘက်တွင် ရပ်တည်ပြီး စစ်တပ်သင်္ကြန် စည်းကားစေရန်အတွက် ဖျော်ဖြေကြသော ရန်အောင်၊ မေသန်းနု၊ အမေများအဖွဲ့၊ မန်းလေး မြို့မတီးဝိုင်းနှင့် တခြား အနုပညာရှင်နှင့်အဆိုတော်များကို ဆန့်ကျင် သပိတ်မှောက် စတင်လှုပ်ရှားကြသည်။
စစ်တပ်၏ ရက်စက်မူကြောင့် အသက်ပေးခဲ့ရသည့် နွေဦးအာဇာနည်များ၊ တောတွင်းရှိ PDF ,CDMများ၊ မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များ၊ ထောင်တွင်းရဲဘော်များ၊ စစ်ဘေးရှောင်များကို စာနာထောက်ထားပြီး စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆက်လက်တိုက်ပွဲဝင်သွားမည့် ပြည်သူများသည် တော်လှန်သင်္ကြန်အဖြစ် သာ ဆင်နွဲသွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။
ပြည်သူဘက်မှ မရပ်တည်ရဲသည့် စစ်ဘောမ အဆိုတော်၊ အနုပညာများ၊ စစ်အာဏာရှင်နှင့် ပူးပေါင်းသူမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း SC အဖွဲ့၀င်နှင့် အလုပ်သမားတပ်ပေါင်းစု LA အဖွဲ့ဝင်တို့က တိုက်တွန်းလှုံ့ဆော်ထားသည်။