25 C
Yangon

စစ်တပ်လက်အောက်ခံ YMBA ရုံး ဗုံးဖောက်ခွဲခံရ ပြီး လူငယ် ၁ ဦး ပစ်ခတ် ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဧပြီ ၁၃

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းရှိ စစ်တပ်လက်အောက်ခံ YMBA ရုံး ယနေ့ ည ၇ နာရီတွင် ဗုံးခွဲခံရပြီး လူငယ် ၁ ဦး ပစ်ခတ်ဖမ်းဆီးခံရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ ည ၇ နာရီ ဝန်းကျင် အချိန်ခန့် ရေကျော်လမ်းရှိ YMBA ရုံးရှေ့ တွင် ကားတစ်စီးက ဗုံးလာချသွားပြီး မကြာမီပင် ဗုံးပေါက်ကွဲကြောင်း၊ မကြာမီမှာပင် စစ်ကောင်စီ ကင်းပုန်းများက ဗုံးချသွားသည့် ကားကို လိုက်လံပစ်ခတ် ဖမ်းဆီးကြောင်း၊ ပုဇွန်တောင် စက်ဆန်း မက်ခရိုကုန်တိုက် အနီးတွင် ကားနှင့် လူငယ် ၁ ဦးပါ အဖမ်းခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ရေကျော်လမ်း YMBA ရုံးရှေ့ ဗုံးချသွားတဲ့ကားကို တာမွေဖက်သွားတယ်ဆိုပြီးရှာနေတယ်။ ကားကို မက်ခရို နားမှာထားပြီးလူလွတ်တယ်လည်းပြောတယ်။ မီးတန်းကားနဲ့ပိတ်ဆို့ရှာနေတယ်။ လူလွတ်တယ်။ ကားပေါ်ကပြုတ်ကျခဲ့တယ်ဆိုတဲ့တယောက်ကိုမိတယ်လို့ပြောတယ်။ သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးထားတယ်။ လူငယ်က သေနတ်ဒဏ်ရာ တစ်ချက် ထိထားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုကမူ စစ်တပ်က လမ်းပေါ်မှ ကားနှင့်လူငယ်တစ်ဦးကို သက်ဆိုင်ခြင်းမရှိဘဲ ပစ်ခတ် ဖမ်းဆီးခြင်းဖြစ်ကြောင်း ၊ YMBA ဗုံးခွဲမှု ဆောင်ရွက်သော တော်လှန်ရေးရဲဘော်များမှာ ဘေးကင်းရာရောက်ရှိနေခဲ့ပြီဖြစ်ကြောင်း ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ် လက်အောက်ခံ YMBA ရုံး ယမန်နှစ် သပိတ်မှောက်ခံရမှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article