25 C
Yangon

ကရင်နီပြည်နယ်တွင် ဧပြီလ ဒုတိယတပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၄၈ ဦးသေဆုံး၊ ကရင်နီရဲဘော် ၁၀ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၅

ကရင်နီပြည်နယ်တွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ဒုတိယတပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၈ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၀ ဦး ကျဆုံးသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် ဒီးမော့ဆိုမြို့နယ်သို့ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ကြောင်း၊ အများပြည်သူ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း မြေမြှုပ်မိုင်းများ ထောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း KNDF က ဆိုသည်။

ဧပြီလ ဒုတိယတပတ်အတွင်း ကရင်နီပြည်နယ် ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲမြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၁ စီးနှင့် မြေတူးစက် ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – ဒီးမော့ဆိုမြို့နယ် အိုးခူးရီကျေးရွာတွင် ဖြစ်ပွားသော တိုက်ပွဲမြင်ကွင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article