35 C
Yangon

မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာမှ ကင်းလှည့်ထွက်လာသော စစ်တပ်ကို မိုင်းဆွဲမှု ရဲ ၁ ဦး သေဆုံပြီး သေနတ် ၁လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဧပြီ ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာတွင် ကင်းလှည့်ထွက်လာသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး သေဆုံးပြီး သေနတ် ၁လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း TYK ပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာတွင် ကင်းလှည့်ထွက်လာသော စစ်ကောင်စီ တပ်သာများကို တော်လှန်းရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ရဲ ၁ ဦးသေဆုံးကာ၊ G3 သေနတ် ၁လက် ၊ကျည် ၂ ဘောက် ၊ ကျည် ၆၀ ကို သိမ်းဆည်းရရှိခဲ့ကာ၊ Gun နဲ့ ကျည်ဘောက်တွေကတော့ မိုင်းကွဲတဲ့ အားကြောင့် ပျက်ဆီးသွားကာ၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

” မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာက သရက်ကန် အရှေ့တောင်ဘက် မီတာ ၃၀၀အကွာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် စခတွေအနေနဲ့ အသိတရား‌ရပြီး အလင်းဝင်ကြဖို့ ပြောချင်ပါတယ်” ဟု TYK ပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို TYK ပြောက်ကြားတပ်ဖွဲ့၊ ဇာမဏီ ပြောက်ကြားတပ်ဖွဲ့ (အရှေ့ပိုင်းဇုန်)၊ ‌ဒေါင်းညီနောင်တပ်ဖွဲ့ ၊ဒေါင်းမာန်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article