25 C
Yangon

ပေါက်မြို့နယ် ကျောက်အိုးရွာကို စစ်တပ်က ၃ကြိမ် မီးဝင်ရှို့ ပြည်သူပိုင် နေအိမ် ၁ဝဝခန့် မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၁၅

မကွေးတိုင်း ပေါက်မြို့နယ် ကျောက်အိုးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၁၁ရက်၊ ၁၄ရက်နှင့် ၁၅ ရက်နေ့တို့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ပိုင်နေအိမ် ၁ဝဝခန့် မီးလောင် ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကောင်စီ တပ်ဖွဲ့များသည် ဧပြီလ ၁၁ ရက်နေ့တွင် ကျောက်အိုးကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၈၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ဧပြီလ ၁၄ ရက်နေ့တွင် ကျေးရွာအတွင်းရှိ မီးလောင်ကျွမ်းခြင်းမရှိသော ပြည်သူပိုင် နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကာ ဧပြီလ ၁၅ ရက်နေ့တွင် ကျောက်အိုးကျေးရွာ တောင်ပိုင်းရှိ စစ်ရှောင် ပြည်သူများနေထိုင်သော တဲတိုက် များကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

” ၂ရက်ဆက်တိုက်ရှို့တာ အိမ်ခြေက ၁ဝဝလောက် မီးထဲ ပါသွားတဲ့ ဒီနေ့မှာ ရွာတောင်ပိုင်းက စစ်ရှောင်ပြည်သူတွေ နေတဲ့ တဲတိုက်တွေကို ထပ်ရှို့ သွားတယ်။ တချို့ဆိုရင် အစားအသောက်တွေပါ ပါသွားတယ်။ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး။ ခွေးတွေက ရွာထဲမှာရှိသေးတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – တောင်ပိုင်းပြောက်ကျားတပ် (SPGF)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article