25 C
Yangon

ရှေ့တန်းတွင် ရဲဘော်များစွာ သေနေသော်လည်း မင်းအောင်လှိုင်၊ ကြူကြူနှင့် စစ်ခေါင်းဆောင်များ သင်္ကြန်ပျော်နေ

Must read

ရန်ကုန်၊ ဧပြီ ၁၅

မြန်မာနိုင်ငံတစ်ဝန်း စစ်မျက်နှာပြင် တိုက်ပွဲများ ဖြစ်ပွားကာ အပြစ်မဲ့ပြည်သူများ သေကြေပြီး အိုးအိမ်များစွန့်ခွာထွက်ပြေးခြင်းနှင့် တစ်ဖက်တွင်လည်း စစ်ကောင်စီအောက်ခြေစစ်သားများသည် သေဆုံးမူ အများအပြား ရှိနေသည်။

အကြမ်းဖက်စစ်ကောင်စီ အာဏာရှင် မင်းအောင်လှိုင်၊ ကြူကြူလှ၊ စစ်တပ်အပေါင်းအပါများမှာ င်္သကြန်မဏ္ဍပ်များတွင် ပျော်ရွင်စွာ ကခုန်နေသည်မှာ စာနာစိတ်ကင်းမဲ့ပြီးအင်မတန် အကျည်းတန် ရှက်ဖွယ်ကောင်းလှသည်။

တော်လှန်ရေးတွင် ကြားနေဟူ၍ မရှိဘဲ စစ်တပ်အသိုင်းအဝိုင်းနှင့်ပူးပေါင်းသူ မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားရမည်ဖြစ်ပြီး တိုက်ပွဲများ ဖြစ်ပွားနေသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စစ်ဘေးရှောင်ပြည်သူများ၊ ထောင်တွင်း အကြမ်းဖက်နှိပ်စက်ခံနေရသည့် မတရားအကျဉ်းကျခံရသော ရဲဘော်များ၊ တိုက်ပွဲဝင် PDFများ,မြေပြင်သပိတ်လှုပ်ရှားသူများ,CDMများနှင့်မြို့ပြ ပျောက်ကြားတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူများက တော်လှန် ရေးတွင်ပါဝင်ရပ်တည်လျက်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီကမူ မြန်မာပြည် အေးချမ်းသာယာနေပါကြောင်း လိမ်ညာဖန်တီးနေသည့် စစ်ကောင်စီဦးစီးသောအပျော်သင်္ကြန်ကို ဆန္ဒပြသပိတ်မှောက်ကြောင်းနှင့် ရှေ့တန်းတွင် ကျဆုံးသွားသည့် ရဲဘော်များနှင့် ကျန်ရစ်ခဲ့သည့်ရဲဘော်များ၏မိသားစုဝင်များကို စာနာစိတ်မရှိသည့် စစ်အာဏာရှင်များနှင့် အပေါင်းအပါများ၏ လုပ်ရပ်များကိုထုတ်ဖော်ပြသခြင်းကို CDM ဗိုလ်ကြီး လင်းထက်အောင်၊ LGBT Union Mandalay၊ လူငယ်များ သမဂ္ဂ (Youths Union)၊ စမ်းချောင်းပင်မသပိတ်နှင့် အလုပ်သမားတပ်ပေါင်းစု LAတို့က ပူးပေါင်း လူပ်ရှားမူပြုလုပ်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article