25 C
Yangon

ခင်ဦးတွင် စစ်တပ် တပ်စွဲထားသော နေရာများ ၂ရက်ဆက်တိုက် တိုက်ခိုက် ခံရပြီး စစ်သားနှင့် ပျူစောထီး ၃ဝ ထက်မနည်း သေဆုံး၊ PDF ရဲဘော် ၂ဦးကျဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသည့် နေရာများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဧပြီလ ၁၄ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ဝ ဦး ထက်မနည်း ကျဆုံးကာ PDF ရဲဘော် ၂ဦးကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၄ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသည့် ခင်ဦးမြို့မ ရဲစခန်း၊ ရွာသစ်ကုန်းရွာ၊ ပျဉ်ထောင်ရွာနှင့် မဒေါင်းလှရွာတို့ကို ဒေါင်းစစ်သည် (ခင်ဦးအဖွဲ့) ၊KSO(Khin U Support Organization) အဖွဲ့ အပါအဝင် မဟာမိတ်၈ဖွဲ့က Droneဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော နေရာများကို ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂နရီမှ စတင်ကာ ည ၇နာရီထိ Drone ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပျဉ်ထောင် ကျေးရွာတွင် တပ်စွဲထားသော ပျူစောထီး များကို ဗုံးကြဲ တိုက်ခိုက်စဉ် ပျူစောထီးအဖွဲ့ဝင်များ အများစုရှိသည့်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၄ရက်နေ့ မွန်းလွဲပိုင်းတွင် ခင်ဦး မြို့မ ရဲစခန်းအား Royal Tiger Guerrilla Forceမှ Droneဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦး သေဆုံး ခဲ့ကာ မဒေါင်းလှကျေးရွာရှိ ပျူစောထီးများကို ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ Drone ဖြင့် ဗုံးကြဲ တိုက်ခိုက် သူများက ပြန်လည် ဆုတ်ခွာစဉ်တွင် အကြမ်းဖက် စစ်တပ်က လိုက်လံ ပစ်ခတ်ခဲ့ခြင်းကြောင့် LPDF ကျေးရွာကာကွယ်ရေး တပ်ဖွဲ့ ရဲဘော် ၂ဦးကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ ဧပြီလ ၁၅ ရက်နေ နံနက် ၁ဝနာရီခန့်တွင် ပျဉ်ထောင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီးများကို ထပ်မံ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၉ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

ညနေ၅နာရီခန့်တွင်ခင်ဦးမြို့ပေါ်မှ ပျဉ်ထောင်ကျေးရွာဘက်သို့ စစ်ကူလာသော စစ်ကား ၄စီးကို ကာကွယ်ရေး တပ်ပေါင်းစုများမှ ခင်ဦးမြို့အနောက် ကျောက်မန်းကန် တံတားအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၁စီး ထိမှန် ပျက်စီး ခဲ့ပြီး ယနေ့ ညပိုင်းအထိ ကံသစ်ကျေးရွာအနီးကို အကြောင်းမဲ့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၁နာရီခန့်ကလည်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော ရွာသစ်ကုန်းကျေးရွာမှ စစ်သားများနှင့် ပျူစောထီးများကို သရက်ပင်စု ကျေးရွာနှင့် မြင်းဒေါင်း ကျေးရွာအနီးတွင် Armed Revolutionary Force-K.U ARFအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၁၂ ဦးသေဆုံးကာ ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Photo – REUTERS

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article