25 C
Yangon

ဖားကန့်တွင် သင်္ကြန်အတက်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်၊ တစ်မြို့လုံး ရေကစားခြင်းမပြုဘဲ တော်လှန်သင်္ကြန်တွင်ပါဝင်

Must read

ရန်ကုန်၊ ဧပြီ ၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် သင်္ကြန်အတက်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် သပိတ် မှောက်ကြပြီး ဖားကန့်တစ်မြို့လုံး ရေကစားခြင်းမပြုဘဲ တော်လှန်သင်္ကြန်တွင်ပါဝင်ကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကချင်ပြည်နယ်ဖားကန့်မြို့တွင် သကြ်န် အတက်နေ့ ဧပြီ ၁၆ ရက်နေ့တွင် ဖားကန့်ပြည်သူများက အာဏာသိမ်း စစ်ကောင်စီ လက်ထက် သကြ်န်ပွဲ မကျင်းပဘဲ မြို့လုံးကျွတ် တမြို့လုံး တိတ်ဆိတ်ကာ တော်လှန် သင်္ကြန်ဆင်နွှဲလျက် ရှိပြီး ဖားကန့် သပိတ် တပ်ပေါင်းစုက တော်လှန် သင်္ကြန် သံချပ်များဖြင့် လိုက်လံဖျော်ဖြေကာ စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက်သပိတ်မှောက်ခဲ့ကြကြောင်း သိရှိရသည်။

ဆန္ဒပြပြည်သူများက KIA PDF တိုက်ပွဲတိုင်းမှာ နိုင် ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ ဖက်ဒရယ် ပြည်ထောင်စု နှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊ငွေတိုက်စာချုပ်ဝယ်ကြပါ ဒို့ရဲဘော်တွေ ထောက်ပံ့နိုင်ဖို့ ၊ရေမစိုသကြ်န် ဒို့တော်လှန်၊ စသည့် ကြွေးကြော်သံများဖြင့်ချီတက် သပိတ်မှောက်ခဲ့ကြကြောင်း သိရှိရသည်။

ဖားကန့် တမြို့လုံး သင်္ကြန်မဏ္ဍပ် တခုမှ ဆောက်လုပ်ခြင်းမရှိသည့်အပြင် တမြို့လုံး ရေကစားသူ ရေပက်ခံထွက်သူမရှိ လမ်းပေါ် လူမရှိ တိတ်ဆိတ်လျက် တော်လှန် သင်္ကြန်တွင် ပူးပေါင်းပါဝင်နေကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article