25 C
Yangon

စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ Non-CDM စသုံးလုံးစုံစမ်းရေးမှူး ၁၃၅ ဦးကို ရာထူးတိုး နေရာပြောင်း၊ စသုံးလုံးက စစ်တပ် အဓိက ထောက်တိုင်အဖြစ် ရပ် တည်

Must read

ရန်ကုန်၊ ဧပြီ ၁၆

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ CDM ဝင်ရောက်ခြင်း အလွန်းနည်းပါးသော အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စစစ)မှ စုံစမ်းရေးမှူးနှင့် ဒုတိယ စုံစမ်းရေးမှူး ၁၃၅ ဦးကို အကြမ်းဖက် စစ်ကောင်စီက ဧပြီလ ၄ ရက်နေ့တွင် ရာထူးများ တိုးမြှင့်ပေးခဲ့ပြီး နေရာများ ပြောင်းရွေ့ တာဝန်ထမ်းဆောင်ရန် ထုတ်ပြန်ခဲ့ကြောင်း

အကြမ်းဖက် စစ်ကောင်စီက ဒုတိယ စုံစမ်းရေးမှူး ၇၀ ဦးကို စုံစမ်းရေးမှူး အဆင့်သို့ ရားထူးတိုးမြှင့်ပေးခဲ့ပြီး စုံစမ်းရေးမှူး ၆၅ ဦးကို ဦးစီးအရာရှိ အဆင့်သို့ တိုးမြှင့်ပေးခဲ့သည့် ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က လက်မှတ်ရေးထိုးထားသော ဌာနတွင်းထုတ်ပြန်သော ရုံးတွင်း အမိန့်စာ (၈၀/၂၀၂၂-ဧပြီ ၄ )အရ သိရှိရသည်။

စစစ ဌာနသည် ဝန်ထမ်းအင်အား ထောင်ဂဏန်းမျှသာရှိပြီး အာဏာသိမ်းကာလတွင် CDM ပါဝင်မှုအနည်းဆုံးဌာနတစ်ခုဖြစ်ပြီး စစ်တပ်၏ အားအထားရဆုံး စစ်တပ်လက်ကိုင်တုတ်ဌာနတစ်ခုဖြစ်လာနေကြောင်း၊ လက်ရှိတွင် စစစ ဌာနအတွင်း နုတ်ထွက်ခွင့်၊ နှစ်ပြည့်ပင်စင်စသည့် သက်ပြည့်ပင်စင်အကျုံးမဝင်သည့် ပင်စင်တင်ခွင့်ကို ၂၀၂၁ခုနှစ်ကတည်းက ညွှန်ကြားရေးမှူး လက်မှတ်ထိုး၍ တင်ပြခွင့်ရပ်ဆိုင်းထားကြောင်း သိရှိရသည်။

ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တွင် ယခင်အစိုးရလက်ထက်ကတည်းက စစစမှ ယူနီ ဖောင်းချွတ် ညွှန်မှူးအဆင့်မှ အောက်အခြေအဆင့်ထိ ဌာနကူးပြောင်းထားခြင်း၊ စစစမှ ဝန်ထမ်းအရာရှိများ အလှည့်ကျတာဝန်စနစ်ဖြင့် သွားရောက်တာဝန်ထမ်းဆောင်ခြင်းများ ဆောင်ရွက်နေပြီး အာဏာသိမ်းကာလတွင် အဂတိအမှုများကို အမှုဆင်နိုင်ရေး စစစမှ ဥပဒေပညာရှင်များကို စစ်တပ်က အထူးအားကိုးပြီး လုပ်ပိုင်ခွင့်ပေးထားကြောင်း သိရှိရသည်။

စသုံးလုံးဌာနသည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်အား စွပ်စွဲထားသည့် အဂတိအမှုများ၊ နေပြည်တော်ရှိ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း မြေနေရာအမှု အပါအဝင် လူထုအစိုးရ ရာထူးအကြီးပိုင်း ပုဂ္ဂိုလ်များအပေါ် စစ်ကောင်စီက မဟုတ်မမှန် လုပ်ကြံ တရားစွဲဆိုထားသည့်အမှုများတွင် မတရားအမှုဆင် ပုံဖော် လုပ်ကိုင်ပေးနေသည့် စစ်ကောင်စီထောက်တိုင် ဌာနကြီးတစ်ခုလည်းဖြစ်သည်။

ဓာတ်ပုံ- စသုံးလုံးညွှန်ချုပ် မောင်မောင်ကျော်။

(Voice of Kalay နှင့်ရန်ကုန်ခေတ်သစ် ပူးတွဲ သတင်းပေးပို့သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article