25 C
Yangon

PDF သင်တန်းဆင်းပွဲ လုပ်နေသော လွယ်ပေါကျေးရွာသို့ ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်၊ ရွာပြင်ကျရောက်၍ ထိခိုက်မှုမရှိ

Must read

ရန်ကုန်၊ ဧပြီ ၁၈

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF သင်တန်းဆင်းပွဲလုပ်နေသော လွယ်ပေါကျေးရွာသို့ ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၁၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း၊ အဆိုပါ လက်နက်ကြီးကျည်များမှာ လွယ်ပေါကျေးရွာ အပြင်ဘက်တွင် ကျရောက်ပေါက်ကွဲပြီး လူထိခိုက်မှု မရှိကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

“ဖယ်ခုံကနေ လက်နက်ကြီး ၄ လုံးပစ်တာ လွယ်ပေါရွာပြင်မှာကျတယ်၊ လူထိခိုက်မှုမရှိဘူး၊ လောလောဆယ်တော့ ရွာသားတွေ လန့်ပြီး ပြေးနေရတယ်” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။

ဖြစ်စဉ်အသေးစိတ် သိရှိနိုင်ရန် PDF – ဖယ်ခုံကို ရန်ကုန်ခေတ်သစ်က ကြိုးစားဆက်သွယ်နေပြီး ဆက်သွယ်မှု မရရှိသေးပေ။

လွယ်ပေါကျေးရွာသည် မိုးဗြဲဆည် အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ဆည်အနောက်ဘက်ကမ်းတွင် ရှိသော ဖယ်ခုံမြို့မှာ ၆ မိုင် ၆ ဖာလုံခန့် ကွာဝေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အားအလွန်အကျွံသုံးကာ ကရင်နီတပ်ဖွဲ့များကို ထိုးစစ်ဆင်နေခြင်းကြောင့် ကရင်နီပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲမြို့နယ်များအပြင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း၌ပါ ကရင်နီတပ်ဖွဲ့များ၊ PDF တပ်ဖွဲ့များနှင့် တိုက်ပွဲများပြင်းထန်နေသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article