25 C
Yangon

ကော့ကရိတ်-မြဝတီ အာရှလမ်း အသုံးပြုခွင့် ဆက်လက်ပိတ်ထားပြီး အခြားလမ်းများတွင် နံနက် ၆ နာရီမှ ည ၇ နာရီအတွင်း၌သာ သွားလာရန် ဒူးပလာယာခရိုင် စည်းကမ်းထုတ်ပြန်

Must read

ရန်ကုန်၊ ဧပြီ ၁၇

ဗျူဟာကျ လမ်းပိုင်းများဖြစ်သည့် ကော့ကရိတ်-မြဝတီ (အာရှလမ်းမ) နှင့် မြဝတီ-ဝေါ်လေ လမ်းပိုင်းများကို ဖေဖေါ်ဝါရီလ ကြေညာချက်အရ အသုံးပြုခွင့် ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်းနှင့် ဒူးပလာယာခရိုင်အတွင်း နံနက် ၆ နာရီမှ ည ၇ နာရီအထိ ပြည်သူများ သွားလာကြရန် KNU က စည်းကမ်းထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေတွင် ည ၇ နာရီမှ နံနက် ၆ နာရီအထိ ပြည်သူများ သွားလာခြင်းမပြုရန် ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းချိန်တွင် ကားမှန်များချထားရန်၊ ဆိုင်ကယ်ဦးထုတ်များ ချွတ်ထားရန်၊ အဖွဲ့အစည်အးလုပ်ငန်းများ ကျန်းမာရေးအခြေအနေများစသည့် အရေးပေါ်အခြေအနေများဖြစ်ပေါ်လျှင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ခွင့်ပြုချက်ယူပြီးမှ သွားလာရန်၊ လိုက်နာခြင်းမရှိပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့နယ်၊ လေးကေ့ကော်ဒေသ၊ ဝေါ်လေဒေသနှင့် ကြာအင်းအဆိပ်ကြီးမြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် အင်အားဆက်လက်တိုးချဲ့လာနေခြင်းကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ကော့ကရိတ်-မြဝတီ လမ်းပိုင်းကို အသုံးပြုကာ အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဆီသယ်ခြင်းများ၊ စစ်အင်အားဖြည့်တင်းမှုများကြောင့် အဆိုပါ လမ်းပိုင်းနှင့် မြဝတီ-ဝေါ်လေလမ်းပိုင်းကို KNLA က အသုံးပြုခွင့် ဆက်လက်ပိတ်ပင်ထားခြင်းဖြစ်သည်ဟု KNLA သတင်းရင်းမြစ်များက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article