28 C
Yangon

စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့က နှမ်းခါးကျေးရွာသား ဦးစန်းဝင်းကို လက်ပြန်ကြိုးတုပ် သတ်ဖြတ်၊ အများပြည်သူပိုင် ဆန်၊ ဆီ၊ မြေပဲများကို လုယူ၊ နောက်ထပ် ဆန္ဒပြလျှင် ရွာမီးရှို့မည်ဟု ခြိမ်းခြောက်သွား

Must read

ရန်ကုန်၊ ဧပြီ ၁၇

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ယမန်နေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် ဝင်ရောက်လာကာ အသက် ၆၇ နှစ်အရွယ်ရှိ ဦးစိန်ဝင်းကို လက်ပြန်ကြိုးတုပ်ကာ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပြီး ရွာသားများပိုင်ဆိုင်သော ဆန်၊ ဆီ၊ နေကြာ၊ မြေပဲ အမြောက်အများကို ၆ ဘီးကား ၂ စီးဖြင့် တင်ဆောင်ကာ လုယူသွားကြောင်း၊ နောက်ထပ် ဆန္ဒပြသပိတ်စစ်ကြောင်းများ ပြုလုပ်လျှင် ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ရွာထဲကို မနေ့က ၁၁ နာရီကျော်မှာ ဝင်လာတာပေါ့နော်။ ဆန်၊ ဆီ၊ မြေပဲ၊ နေကြာ အကုန်ကို ၆ ဘီးကား ၂ စီးနဲ့ တင်ပြီး နေ့ခင်း ၂ နာရီလောက်မှာ ပြန်ထွက်သွားတယ်၊ ရွာထဲက ကျောင်းထိုင်ဘုန်းကြီးကိုလည်း ခြိမ်းခြောက်သွားတယ်၊ နောက်တခါ ဆန္ဒပြတာတွေ လုပ်ရင် ရွာကို မီးရှို့ပစ်မယ်တဲ့၊ ရွာသား ၁ ဦးကို သတ်တယ်၊ ၅ ဦးလောက်ကို ဖမ်းတယ်၊ နောက်တော့ ပြန်လွှတ်ပေးတယ်” ဟု နှမ်းခါးကျေးရွာဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဂန့်ဂေါနယ်တွင် ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းများ လွန်ခဲ့သည့်ရက်များတွင် ချီတက်ဆန္ဒပြခဲ့ပြီး ဒေသကာကွယ်ရေး PDF များက လိုက်ပါဝန်းရံခဲ့ကြသည်။

အကြမ်းဖက်စစ်ကောင်စီများ လုယူသွားသော အများပြည်သူပိုင်ပစ္စည်းများမှာ ဆီပိသာ ၈၀၀ ခန့်၊ နေကြာတင်း ၁၀၀၊ မြေပဲတင်း၅၀၊ ဆန်များနှင့် တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းများဖြစ်ကြောင်း နှမ်းခါးလူငယ်အဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက်တွင် နှမ်းခါးကျေးရွာဝန်းကျင်၌ အကြမ်းဖက်စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်းလည်း သိရှိရဿည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article