30 C
Yangon

ရာသီဥတုဆိုးဝါး၍ လေယာဉ် မစီးရဲ၊ မိုင်းကြောက်၍ ကားဖြင့် မသွားရဲသည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့်အဖွဲ့ ပြင်ဦးလွင်မှ မန္တလေးသို့ အထူးရထားဖြင့် တိတ်တဆိတ် ခိုးဆင်း

Must read

ရန်ကုန်၊ ဧပြီ ၁၉

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ နံနက် ရာသီဥတုဆိုးဝါးနေမှုကြောင့် လေယာဉ် မစီးရဲ၊ ကားလမ်းခရီးတွင် မိုင်းကြောက်၍ ကားဖြင့် မသွားရဲဘဲ ပြင်ဦးလွင်မှ မန္တလေးသို့ အထူးရထားဖြင့် တိတ်တဆိတ် ခိုးဆင်း ထွက်ခွာသွားကြကြောင်း သိရှိရသည်။

ပြင်ဦးလွင်တွင် သင်္ကြန်တွင်းတစ်တွင်းလုံးရောက်ရှိနေသည့် မင်းအောင်လှိုင်သည် ဧပြီလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် အထူးရထားဖြင့် ဒုတိယတွဲမှ လိုက်ပါပြီး ပြင်ဦးလွင်မှ မန္တလေး သို့ ဆင်းသွားကြောင်း သိရှိရသည်။

“ညကနေ မနက်အထိကတော့ ဒီမှာ မိုးကြိုးတွေပစ် လျှပ်စီးတွေ လက်လက်နဲ့ ရာသီဥတုအခြေအနေအရ လေယာဉ်မတက်နိုင်လို့များလားမသိဘူး။ကားနဲ့ဆိုရင်တောင်မှ မန္တလေးနဲ့‌ ပြင်ဦးလွင်က တစ်နာရီမကြာဘူး။ ယာဉ်တန်းနဲ့ဆိုရင် ၄၅ မိနစ်ပဲ။ အခုဟာက ရထားကို တိတ်တိတ်လေး ခိုးစီးသွားသလိုပဲဗျ။ အဲဒီလိုမျိုး။ ဘူတာတွေက ဝန်ထမ်းတွေကို စစ်တပ်နဲ့လုံခြုံရေးပေါင်းယူခိုင်းတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မင်းအောင်လှိုင် ရထားဖြတ်သန်းစဉ် ဘူတာစဉ်အလိုက် လုံခြုံရေးများ ချထားပြီး ကားဝင်၍ ရသည့် လမ်းဘူတာများတွင် စစ်တပ်နှင့်ရဲများချထားကြောင်း၊ မင်းအောင်လှိုင်ထွက်ခွာပြီးနောက် ပြင်ဦးလွင် မြို့တွင်းတွင် လုံခြုံရေး ထူထပ်စွာချထားမှု ရုပ်သိမ်းသွားပြီး စစ်သားအနည်းငယ်သာ ရှိတော့ကြောင်း သိရှိရသည်။

ဓာတ်ပုံ-သင်္ကြန်ကာလ ပြင်ဦးလွင်တွင် ပျော်ပါးနေသည့် မင်းအောင်လှိုင်နှင့် မိန်းမ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article