25 C
Yangon

ပုလဲမြို့နယ် သတင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်၊ ပြည်သူပိုင် အိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး၍ နေအိမ် ၉၂လုံး မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၂ဝ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် သတင်းရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၁နာရီ ၃ဝမိနစ်ခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ၁ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူပိုင် နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၉၂ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

စစ်တပ်သည် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးမှ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေ အမျိုးသား ၁ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ပြီးမှ ဝင်စီးတာ ဒေသခံ ပြည်သူ ၁ဦးလည်း ဖမ်းဆီး သတ်ဖြတ်ခံရတယ်။ အသတ်ခံရသူက ဘယ်သူ ဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေတယ်။ ပြည်သူပိုင် နေအိမ် ၉၂လုံး မီးလောင် ပြာကျသွားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဖြစ်သော Golden Triangle Force တပ်ဖွဲ့ကလည်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူပိုင် နေအိမ် ၉၂လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း အတည်ပြုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article