25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၀ ရက်နေ့ နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၀ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်ကောင်စီက စက်သုံးဆီ အလုံအလောက်ရှိတယ်လို့ မနေ့က ပြောဆိုခဲ့ပေမယ့်လည်း ဧပြီလ ၂၀ ရက်နေ့ဖြစ်တဲ့ ဒီကနေ့ မနက် ၄ နာရီစပြီး စက်သုံးဆီ အရောင်းဆိုင်တွေမှာ ပြည်သူတွေက တိုးကြိတ် ဝယ်ယူနေကြတယ်လို့ သိရပါတယ်။
– မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ စည်ပင်ရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ လှည့်ကင်းကားကို ယော-ဒေသ ကာကွယ်ရေးတပ်ဖွဲ့ YDF က ဧပြီလ ၁၉ ရက်နေ့ မနေ့က ည ၁၀ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
– ပုလဲမြို့နယ် သတင်းရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ၁ဦးကို ဖမ်းဆီးသတ်ဖြတ်တဲ့အပြင်၊ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီး ခဲ့တဲ့သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article