25 C
Yangon

မြစ်ကြီးနား၊ ပလန ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ ထိခိုက်သေဆုံးသူများကို မပခ စစ်ဆေးရုံသို့ လူနာတင်ကား ၃ စီးဖြင့် ပို့ဆောင်

Must read

ရန်ကုန်၊ ဧပြီ ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာအုပ်စု၊ ပြန်လည်နေရာချထားရေး (ပလန) ကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီလ ၂၁ ရက် ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သတင်းရရှိသည်။

ပလနကျေးရွာရှိ အမှတ် (၃) စစ်ကောင်စီဂိတ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂၊ တပ်ရင်း ၁၁ နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားထိခိုက်သေဆုံးမှု များပြားကြောင်း၊ ထိခိုက်သေဆုံး စစ်သားများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဆေးရုံသို့ လူနာတင်ကား ၃ စီးဖြင့် တင်ဆောင်သွားကြောင်း KIA သတင်းရင်းမြစ်က ဆိုသည်။

ပလနကျေးရွာ ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာပြီး အဆိုပါကျေးရွာအတွင်း၌ လှည့်လည်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုဖြစ်စဉ်တွင် နှစ်ဖက်သေဆုံးထိခိုက်မှုစာရင်းကို ကနဦး မသိရှိရသေးပေ။

ဓါတ်ပုံ – ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article