25 C
Yangon

လေးကေ့ကော်တွင် စစ်တပ်က ယခုည အပြင်းအထန် ထိုးစစ်ဆင်နေ၊ လက် နက်ကြီးများဆက်တိုက်ပစ်၍ လက်နက်ကြီးပစ်ခတ်သံများ ထိုင်း-မြန်မာနယ် စပ် မဲဆောက်ဘက်ခြမ်းမှပင် ကြားနေရ

Must read

ရန်ကုန်၊ ဧပြီ ၂၁

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ယခု အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိပြီး လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်လျက်ရှိကြောင်း PDF သတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရှိရသည်။

“လေးကေ့ကော်ဘက်မှာ ရသေ့ဂူတို့ အဲဒီဘက်တွေကို စစ်တပ်ဘက်က စစ်ကြောင်း ၅ ကြောင်းနဲ့ထိုးတယ်။ ညနေ ၆ နာရီလောက်ကတည်းက ပွဲကနေတာ။ အခုထက်ထိလည်း ဆက်တိုက်ပဲ” ဟု PDFတောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဦးရဲမင်းက ပြောသည်။

ဒေသခံများကလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်လျက်ရှိပြီး နေရာပေါင်းစုံမှ လက်နက်ကြီးများ ပစ်ခတ်နေကြောင်း၊ တစ်မိနစ်အတွင်း လက်နက်ကြီး ၆ လုံးခန့်ကို နေရာပေါင်းစုံမှ ပြိုင်တူ ပစ်ခတ်နေသည့်ပုံစံရှိကြောင်း ပြောဆိုသည်။

“လက်နက်ကြီးသံတွေကတော့ အခု တောက်လျှောက်ကြားနေရတယ်။ အတော်ကို ကျယ်တယ်။ တိုက်ပွဲက ပြင်းထန်ပုံပဲ” ဟု မြ၀တီဒေသခံတစ်ဦးက ဆိုသည်။

လက်နက်ကြီးများနှင့်ပစ်ခတ်သံများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်ခြမ်းမှပင်ကြားနေရသည်ဟု မဲဆောက်ဘက်ခြမ်းတွင် နေထိုင်သည့် စစ်ဘေးရှောင်တချို့က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article