25 C
Yangon

တမူးတွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့နှင့် စစ်တပ်တို့ တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၅ ဦးထက် မနည်းသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၃

စစ်ကိုင်းတိုင်း တမူးမြို့ တမူး – အောင်ဇေယျကားလမ်းပိုင်းတွင် တပ်အချိန် ပြောင်းပြုလုပ်နေသည့် စစ်တပ် ယာဉ်တန်းအား ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(တမူးမြို့) တပ်ရင်း – ၁ ၊ တပ်ရင်း – ၂ တို့က ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် မွန်းလွဲပိုင်းတွင် ကြားဖြတ် ခြုံခို တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း People’s Defense Force – Tamu တပ်ရင်း -၁ က ထုတ်ပြန် ထားသည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် မွန်းလွဲ၂ နာရီ ၁၉ မိနစ်မှ ၂ နာရီ ၄၀ မိနစ်ထိ ပထမ အကြိမ် ဖြစ်ပွားခဲ့ပြီး၊ ဒုတိယ အကြိမ် ထိတွေ့တိုက်ပွဲသည် မွန်းလွဲ ၃ နာရီ ၂၂မိနစ်မှ ၃ နာရီ ၅၄ မိနစ်ထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ထိတွေ့ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားပြီးနောက် စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အကြမ်းဖက် စစ်တပ်က ထိခိုက် ဒဏ်ရာ ရရှိသူ အများပြားဖြင့် တမူးမြို့တွင်းသို့ ကားများ၊ ဆိုင်ကယ်များဖြင့် ကစဥ့်ကလျား ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ထို တမူး – အောင်ဇေယျ ကားလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းများက နယ်မြေ ရှင်းလင်းရေးနှင့် ယာဉ်စစ်ဆေးရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article