25 C
Yangon

တနင်္သာရီတိုင်းတွင် ပကာရီရဲစခန်း မီးရှို့ ရှင်းလင်းခံရပြီးနောက် စစ်ရေးတင်း မာ၊ ထားဝယ်-ထီးခီးကားလမ်း၊ ထီးခီးနယ်စပ်ဂိတ်နှင့်မောတောင်ဂိတ်များ PDF နှင့် စစ်တပ် နှစ်ဖက်စလုံး ယာယီ ပိတ်ထား

Must read

ရန်ကုန်၊ ဧပြီ ၂၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ပကာရီရွာရှိနယ်မြေရဲစခန်းကို KNDO၊ ပြည်သူကာကွယ်ရေးတပ်မ တော် (PDF)၊ ထားဝယ်ခရိုင် (ပကဖ)နှင့်ညီနောင်မဟာမိတ်အဖွဲ့များတို့က ယမန်နေ့ပူးပေါင်းပြီးမီးရှို့ဖျက်ဆီးခဲ့၍ စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဧပြီလ ၂၄ ရ က်နေ့ နံနက်(၁၁)နာရီခွဲခန့်အချိန် ကာရီရွာရှိ နယ်မြေရဲစခန်းကို မဟာမိတ်တပ်ပေါင်းစုများက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်တပ်က အင်အား ၁၀၀ နီးပါး ဖြင့် စစ်ကြောင်းတက်လာကြောင်း၊ လက်ရှိအချိန်တွင် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိကြောင်း သိရှိရသည်။

“အခုကတော့အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့အနေအထားပဲ။ စစ်ရေးကတော့ တင်းမာနေတယ်။ လမ်းဘေးတစ်လျှောက် ရွာတွေကတော့ ပြေးနေရပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

NUGအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ကလည်း ထားဝယ်-ထီးခီးလမ်းကို ဖြတ်သန်းသွားလားခြင်းနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းတို့မလုပ်ကြရန် ဧပြီ ၂၄ ရက်စွဲဖြင့် အသိပေးထုတ်ပြန်ခဲ့ပြီး ထိုလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ သွားလာခြင်း၊ လက်နက်နှင့် ရိက္ခာဖြည့်တင်းနေခြင်းကြောင့် ယခုလို ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ထားဝယ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်တပ်က ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် မောတောင် နယ်စပ်ဂိတ်များကို ပိတ်ပင်လိုက်ပြီး ဝန်ထမ်းများကို ဘေးလွတ်ရာ ရှောင်ခိုင်းမှုများရှိနေသည်ဟု သိရှိရသည်။

“ထီးခီးနဲ့ မောတောင် ဂိတ်ကတော့ ပိတ်သွားပြီ။ စကစက ပိတ်ခိုင်းတာပါ” ဟု စီးပွား/ကူးသန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ-ပကာရီနယ်မြေရဲကင်း မီးရှို့ခံထားရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article