25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၅ ရက်နေ့ ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၅ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့

– ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အေးကို နဲ့ ဇနီးဖြစ်သူကို ဒေသကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တွေက မနေ့က ညပိုင်းမှာ ပစ်ခတ် ရှင်းလင်းလိုက်တဲ့အတွက် သေဆုံးသွားတယ်လို့ သိရပါတယ်။

– မန္တလေးတိုင်း မြင်းခြံခရိုင် ချင်းဆက်လမ်းမှာ ပျူစောထီး ၂ ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတဲ့ အပြင် ပစ္စတို ၂လက်ပါ သိမ်းဆည်း ရမိခဲ့တယ်လို့လည်းသိရပါတယ်။

-စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ရုံးပင်ကုန်း နဲ့ သစ်ဆိပ့်-ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်တွေက ဒီကနေ့မှာ ဝင်ရောက် စီနင်း မီးရှို့ဖျက်ဆီးနေတဲ့အပြင်၊ စစ်ဘေးရှောင်ဖို့ ထွက်ပြေးတိမ်း ရှောင်တဲ့ ပြည်သူတွေကိုလည်းလက်နက်ကြီးတွေနဲ့ လိုက်လံ ပစ်ခတ်နေတယ်လို့ နယ်မြေခံ သတင်း ရင်းမြစ်ဖြစ်တဲ့ စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ဆီကနေ သိရပါတယ်။

– ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း ပျောက် ကြားလှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ မြစ်ကြီးနား မြို့ပြလှုပ်ရှားမှု အဖွဲ့က ကိုချစ် နဲ့ ရဲဘော်တချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က မနေ့က ပစ်ခတ်ဖမ်းဆီးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်း တွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article