25 C
Yangon

မိတ္တီလာ၊ ရှမ်းတဲလေတပ်စခန်းတွင် ဒေါ်လာ ၁ သန်းတန် အမောင်းသင် GROB လေယာဉ်တစ်စင်း ဆင်းသက်စဉ် မီးလောင်ပြီး သုံးမရအောင် လုံး၀ပျက်စီးသွား၊ လူထိခိုက်မှုမရှိ

Must read

ရန်ကုန်၊ ဧပြီ ၂၅

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ရှမ်းတဲရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်(လသခ)တွင် အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး တန်ဖိုးရှိ အမောင်းသင် GROB လေယာဉ်တစ်စင်း မီးလောင်ပြီး သုံးမရအောင် ပျက်စီးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် မန္တလေးတိုင်း၊ မိတ္တီလာ၊ ရှမ်းတဲ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် (လသခ)တွင် ဂျာမနီနိုင်ငံမှ၂၀၁၅ခုနှစ်တွင်ဝယ်ယူထားသော GROB (အမောင်းသင်လေယာဉ်)တစ်စီး ဆင်းသက်ပြီး မီးလောင်မှုဖြစ်ပွားကာ ပျက်စီးသွားကြောင်း၊ လူထိခိုက်မှု မရှိကြောင်း သိရှိရသည်။

“လေယာဉ်က Touch down ထိပြီးနောက် မီးလောင်မှုဖြစ်ပွားတယ်။ လေယာဉ်မှာ ရစရာမရှိအောင် မီးလောင်ပျက်စီးသွားတယ်။ လေသူရဲနဲ့သင်တန်းသူကတော့ ထိခိုက်မှုမရှိပါဘူး” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် အမောင်းသင်လေယာဉ်တစ်စင်းကို တက်ရောက်လေ့လာ ဟန်ထုတ်စဉ်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article