25 C
Yangon

ထီးလင်းမြို့နယ်၊ အကြည်ဝါးဘင်းရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီ တပ်မ ၁၁ မှ တပ်သား နိုင်လင်းအောင်ကို YDF က အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဧပြီ ၂၆

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အကြည်ဝါးဘင်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ကြား ယမန်နေ့ ဧပြီလ ၂၅ ရက် နံနက် ၇ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်မ ၁၁ မှ တပ်သား နိုင်လင်းအောင်ကို လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းမိခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့နံနက်တွင် ဖြစ်ပွားသော တိုက်ပွဲသည် ၄၅ မိနစ်ခန့်ကြာမြင့်ပြီး စစ်ကောင်စီစစ်ကြောင်းကို YDF တပ်ရင်း ၆၊ တပ်ရင်း ၇၊ တပ်ရင်း ၁၄ တို့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း၊ YDF ရဲဘော်များ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရှိရသည်။

အရှင်ဖမ်းမိသော တပ်သားနိုင်လင်းအောင်နှင့်အတူ MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ နင်းမိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ RPG ဗုံးသီး ၁ လုံး၊ ၅.၅၆ ကျည် ၂၁၆ တောင့်နင့် အခြား စစ်အသုံးအဆောင်များကို သိမ်းဆည်းရရှိကြောင်း၊ စစ်သုံ့ပန်းနိုင်လင်းအောင်ကို ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားကြောင်း YDF က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article