25 C
Yangon

ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက် ကျောင်းသားများနှင့် ပြည်သူများ ပူးပေါင်း ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဧပြီ ၂၆

ရန်ကုန်တွင် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ဗကသကျောင်းသားများနှင့် DPNSမှ ရဲဘော်များ အပါအဝင် ပြည်သူများက ယနေ့ ချီတက် ဆန္ဒပြကြသည်။

သံပူခိုက်အားစိုက်ထုနှက်ကြ ပိုစတာဖြင့် ဗကသနှင့် DPNS ဦးဆောင်ပြီး ပြောက် ကျားသပိတ် ချီတက်ကြကြောင်း၊ ယနေ့မနက်ပိုင်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်တွင် ဗကသများအဖွဲ့ချုပ် နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များဦးဆောင်ပါဝင်ကြောင်း၊ ယခုပြောက်ကျားသပိတ်ကို မဟာမိတ်အဖွဲ့အစည်းများ၊ မြို့နယ်သပိတ်ကော်မတီများနှင့် အထွေထွေသပိတ်ကော်မတီ GSC အဖွဲ့ဝင်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

ဗကသများအဖွဲ့ချုပ်၀င်ကျောင်းသားသမဂ္ဂများဖြစ်သည့် ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ ရွှေပြည်သာသပိတ်ကော်မတီ၊ တော်လှန်သောမီးရထားဝန်ထမ်းများ၊ Progressive Muslim Youth Association (PMYA) နှင့် North Dagon Oppressed People’s Strike Colition (NDOPSC) တို့ကဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ကြသည်။

Photo – BRS

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article