25 C
Yangon

မင်းကင်း၊ ဇင်ကလဲကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း ကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်သား ၂၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာအနီးတွင် အင်အား ၁၅၀ ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၈၇ ခြေလျင်စစ်ကြောင်းကို ယမန်နေ့ ဧပြီလ ၂၆ ရက် နံနက်တွင် ဒေသကာကွယ်ရေးမဟာမိတ် ၆ ဖွဲ့ပူးပေါင်းကာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၁ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA) က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူများကို ဒုက္ခပေးနေကြောင်း၊ ယမန်နေ့ နံနက် ၈ နာရီဝန်းကျင်မှ စတင်ကာ ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေးအဖွဲ့ရဲဘော်များ အထိအခိုက်မရှိသော်လည်း ဆိုင်ကယ် ၂ စီး ပျက်စီးသွားကြောင်း DRPA က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ကို DRPA၊ FRF၊ GALAXY FORCE DEPEYIN -ပကဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၃၊ MDF၊ သံပေါက်ဒေသခံကာကွယ်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article