25 C
Yangon

ကလေးမြို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးကာ လက်နက် ၃ လက်နှင့်ခဲယမ်းများ ရရှိ၊ တနင်္သာရီမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးကာ လက် နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း PDF ကလေးက သတင်းထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် အင်အား ၁၀၀ ခန့်ဖြင့် ကလေးမြိုနယ်တောင်ပိုင်း အရှေ့စည်းရွာဘက်သို စစ်ကြောင်းထိုးလာခဲ့ရာ နံနက် ၈ နာရီခွဲခန့်၌ အရှေ့စည်းရွာ၏မြောက်ဘက်တွင် PDF (Kalay) ၊ CDF (KKG) ၊ RKDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲများနှင့် တိုက်ပွဲဖြစ်ကြောင်း၊ ယခု ည ၇ နာရီအချိန်ခန့်အထိ တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးခန့် သေဆုံးပြီး ၄င်းတိုထံမှ MA 2 မောင်းပြန်သေနတ် ၁ လက်၊ ၀.၉၅ ကာဘိုင်မောင်းပြန်သေနတ် ၂ လက်၊ ၅.၅၆ ကျည် ၈၀ တောင့်နှင့် ၀.၉၅ ကာဘိုင်ကျည် ၂၀၀ တောင့်၊ MA 2 ကျည်အိမ် ၁ ခု၊ ၀.၉၅ ကာဘိုင်ကျည်အိမ် ၃ ခုတိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ပူးပေါင်းတပ်ဖွဲ့များဘက်မှ PDF (Kalay) တပ်ဖွဲ့၀င် ၂ ဦး၊ RKDF တပ်ဖွဲ့၀င် ၂ ဦး စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တချိန်တည်းတွင် ကလေးနည်းပညာတက္ကသိုလ်ဘက်မှ တောင်ပိုင်းဘက်သို့ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများကို PDF (Kalay) တပ်ဖွဲများက မွန်းလွဲ ၁ နာရီခွဲခန့်အချိန် သာယာကုန်းရွာနှင့် ထောက်ကြန့်ရွာအကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၄ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ၄င်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ကလေးနည်းပညာတက္ကသိုလ်ဘက်သို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများ ပြန်လည်ဆုတ်ခွါသွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် နေ့လည် ၂ နာရီ၀န်းကျင်ခန့်တွင်လည်း ကလေးမြိုနယ် တောင်ပိုင်း ရေရှင်ရွာဘက်သို အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာ လမ်းကြောင်းတလျောက်တွင် PDF (Kalay) တပ်ဖွဲများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြား ထိမှန်သေဆုံးနိုင်ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအထိ တနင်္သာရီမြို့နယ်၊ သိန္ဓောရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့်စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article