25 C
Yangon

မြင်းမူကာကွယ်ရေးတပ်ဖွဲ့ စခန်းများကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်း၊ တိုက်ပွဲပြင်းထန်ဖြစ် စစ်တပ်က ကန်တော်ရွာကို မီးတင်ရှို့

Must read

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာနှင့် အရာတော်မြို့ကြားရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ စခန်း ၂ ခုကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ယနေ့ ဧပြီလ ၂၉ ရက် နံနက် ၄ နာရီခွဲခန့်တွင် ဝင်ရောက်စီးနင်းပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိသလို ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ကျဆုံးမှုများရှိကြောင်း၊ အနီးဝန်းကျင်ရှိ ကန်တော်ကျေးရွာတွင် စစ်သားများ တပ်စွဲထားပြီး ရွာကို မီးတင်ရှို့နေကြောင်း သတင်းရရှိသည်။

ထီးဆောင်း-အရာတော်လမ်းရှိ ကန်တော်ရွာနှင့် ငါးကင်းရွာအနီးဝန်းကျင်များတွင်ရှိသော Myint Mu Defence Force နှင့် GTR MMU တပ်ဖွဲ့များ စီးနင်းခံရခြင်းဖြစ်ကြောင်း၊ ထီးဆောင်း-အရာတော်လမ်းနှင့် မုံရွာ-မန္တလေးကားလမ်းများကို ပြည်သူများ အသုံးမပြုကြရန် အဆိုပါ ၂ ဖွဲ့က ထုတ်ပြန်ထားသည်။

“အဖွဲ့ ၁ ခုက ဒုခေါင်းဆောင် ကျတယ်လို့သိရတယ်၊ ခွေးတွေက ၁၂ဘီးကားနဲ့လာတာ မိုင်းဆွဲတယ်၊ အပြန်အလှန်ပစ်တယ် ခုတော့နောက်ဆုတ်ထားပြီး
စခတွေက ကန်တော် စာသင်ကျောင်းထဲမှာ ရွာမီးတင်ရှို့နေတယ်” ဟု ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ ၁ ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

တိုက်ပွဲများဖြစ်ပွားရာ ကန်တော်ရွာနှင့် ငါးကင်းကျေးရွာများ အနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်များ ဝဲပျံနေသည့်အသံများကို ကြားရကြောင်း ဒေသခံများက ပြောဆိုသည်။

PDF စခန်းများကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းစဉ် မိုင်းဆွဲခံရခြင်းများ တိုက်ခိုက်ခံရခြင်းများကြောင့် စစ်သားသေဆုံးမှုများကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရပြီး နံနက် ၆ နာရီ ၂၀ တွင် သေဆုံးဒဏ်ရာရစစ်သားအလောင်းများကို မြင်းမူဆေးရုံသို့ သေဆောင်လာကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article