27.2 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: April, 2022

မလေးရှားအစိုးရအနေဖြင့် NUG အစိုးရနှင့်ဆက်သွယ်ဆောင်ရွက်မှုများရှိနေဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆို၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NUCC ဥက္ကဋ္ဌတို့နှင့်တွေ့ဆုံ

ရန်ကုန်၊ ဧပြီ ၂၇ မလေးရှားအစိုးရအနေဖြင့် NUG အမျိုးသားညီညွတ်ရေးအစိုးရနှင့်ဆက်သွယ်ဆောင်ရွက်မှုများရှိနေပြီဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆိုလိုက်ကြောင်း Benar News နှင့် The Diplomat သတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မလေးရှားအစိုးရသည် မြန်မာနိုင်ငံမှ NUG အစိုးရနှင့် စေ့စပ်ဆွေးနွေးခဲ့ကြောင်း၊...

ထီးလင်းတွင် စစ်တပ်က ရွာဦးကျောင်းဆရာတော်၊ ကိုရင်ငယ်နှင့်သက်ကြီးရွယ်အို အပါအဝင် ပြည်သူ ၂၀ ဦးကို ဓားစာခံထိန်းသိမ်းပြီး သတ်မည်ဟု ခြိမ်း ခြောက် အကျပ်ကိုင်၍ ပိတ်မိနေသောစစ်တပ်ကို လမ်းဖွင့်ပေးခဲ့ရ

ရန်ကုန်၊ ဧပြီ ၂၇ မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် ရွာဦးကျောင်းဆရာတော်၊ ကိုရင်ငယ်နှင့်သက် ကြီးရွယ်အို အပါအဝင် အပြစ်မဲ့ ပြည်သူ ၂၀ ဦးကို ဓားစာခံထိန်းသိမ်းပြီး သတ်မည်ဟု ခြိမ်းခြောက်အကျပ်ကိုင်၍ ပိတ်မိနေသောစစ်တပ်ကို လမ်းဖွင့်ပေးခဲ့ရကြောင်း ထီးလင်း YDF က သတင်းထုတ်ပြန်သည်။ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်း...

စစ်အာဏာရှင်ချေမှုန်းရေး ၄၁၃ ရက်မြောက် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၂၇ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၄၁၃ ရက်မြောက်အဖြစ် ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် 'China: Respect Myanmar People`s Voice Stop Supporting Fascist Criminals.' ဘန်နာကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြကြသည်။

စစ်ကိုင်းတိုင်း၊ မုံရွာလမ်းပေါ်တွင် မုံရွာဘက်ဦးတည်ပြီး စစ်ကား အစီး ၆၀ နီးပါး သွားလာ

ရန်ကုန်၊ ဧပြီ ၂၇ မန္တလေးမှ စစ်ကိုင်းတိုင်း၊ မုံရွာဘက်သို့ စစ်ကား အစီး ၆၀ နီးပါး သွားလာနေကြောင်း စစ်ကားဖြတ်သန်းရာ လမ်းဘေးလမ်းတလျှောက်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်မန္တလေး-မုံရွာလမ်းမကြီးပေါ် စစ်ကိုင်းတက္ကသိုလ်အနီးတွင်...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် စစ်ကောင်စီက ထပ်မံချမှတ်

ရန်ကုန်၊ ဧပြီ ၂၇ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် စစ်ကောင်စီက ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းထံမှ သိရှိရသည်။ စစ်ကောင်စီတရားရုံးက ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် စတင်ခြင်းဖြစ်ပြီး နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်...

စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီး အပါအဝင် အကြမ်းဖက်အဖွဲ့များကို စစ်ရေးအရသော် လည်း ကောင်း၊ ဥပဒေအရသော်လည်းကောင်း အရေးယူမည်ဟု NUG က ကြေညာ

ရန်ကုန်၊ ဧပြီ ၂၇ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီး အပါအဝင် အကြမ်းဖက်အဖွဲ့များကို အရေးယူမည်ဟု NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန က ကြေညာသည်။ အကြမ်းဖက်ဝါဒီ စစ်ကောင်စီသည် တစ်နေ့တခြား ပြုန်းတီးလျက်ရှိသော ၎င်း၏အင်အားကို ဖြည့်တင်းရန် အလို့ငှာ ပျူစောထီး အပါအဝင် ဒေါက်တိုင်အကြမ်းဖက်အဖွဲ့များအား...

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေ ဆိုးဝါးလာပြီး တစ်နေ့လျှင် အနည်းဆုံး ၈ နာရီမှ ၁၀ နာရီကျော်အထိ မီးပြတ်တောက်

ရန်ကုန်၊ ဧပြီ ၂၆ ရန်ကုန် အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေဆိုးဝါးလာနေပြီး တစ်နေ့လျှင် အနည်းဆုံး ၈ နာရီမှ ၁၀ နာရီကျော်အထိ မီးပြတ်တောက်မှုများရှိနေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "နေ့လည်း မလာဘူး။ ညလည်း မလာဘူး။ ၁၀ မိနစ်လောက်လာပြီးလည်း ပျက်ချင်သလို...

မင်းကင်း၊ ဇင်ကလဲကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း ကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်သား ၂၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၇ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာအနီးတွင် အင်အား ၁၅၀ ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၈၇ ခြေလျင်စစ်ကြောင်းကို ယမန်နေ့ ဧပြီလ ၂၆ ရက် နံနက်တွင် ဒေသကာကွယ်ရေးမဟာမိတ် ၆ ဖွဲ့ပူးပေါင်းကာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၁ ဦးသေဆုံးကာ...

အသက် ၆၂ နှစ် ပြည့်မှ အငြိမ်းစားယူရမည်ဟု မင်းအောင်လှိုင် သတ်မှတ်မှု စစ်တပ်အတွင်း ဂယက် ရိုက် ခတ်မှုပြင်းထန်ပြီး အများစုသော အောက်ခြေတပ်သားများ မကျေနပ်၊ စစ်တပ်ထိပ်ပိုင်းရာထူးများအတွက် တာဝန်ထမ်းဆောင်မှု ပြင်ဆင်ချက်များ ထွက်ရန်ရှိ

ရန်ကုန်၊ ဧပြီ ၂၇ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းမှန်သမျှ အသက် ၆၂ နှစ်ပြည့်မှ အငြိမ်းစား ပင်စင်ယူရမည်ဟု သတ်မှတ်လိုက်ရာ ယင်းသတ်မှတ်မှုက စစ်တပ်အတွင်း ဂယက်ရိုက်ခတ်မှုပြင်းထန်ပြီး အထူးသဖြင့် အောက်ခြေ စစ်သားအများစု မကျေမနပ်ဖြစ်ကြသည်ဟု စုံစမ်းသိရှိရသည်။ မတ်လ ၃၁ ရက်နေ့တွင် မင်းအောင်လှိုင်က...

ကလေးတောင်ပိုင်း နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွတွင် နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီစစ်သားများ၏ သွေးကွက်များတွေ့ရ၊ စစ်ကောင်စီတပ်များ မကွေးတိုင်းအစပ်သို့ ဆုတ်ခွာသွား

ရန်ကုန်၊ ဧပြီ ၂၇ ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကြား ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယမန်နေ့ ဧပြီလ ၂၆ ရက်တွင် ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ စစ်သားများ၏...

Latest news

- Advertisement -spot_img