25 C
Yangon

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် စစ်ကောင်စီက ထပ်မံချမှတ်

Must read

ရန်ကုန်၊ ဧပြီ ၂၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် စစ်ကောင်စီက ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းထံမှ သိရှိရသည်။

စစ်ကောင်စီတရားရုံးက ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် စတင်ခြင်းဖြစ်ပြီး နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ်ချမှတ်ချိန်တွင် ရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရကြောင်း သိရှိရသည်။

အကြမ်းဖက် အာဏာလု စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို သဘာ၀ ဘေး အန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၄ နှစ်ချမှတ်ခဲ့ပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article