26.3 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: April, 2022

ဆိပ်ဖြူ ရှားလှရွာတွင် စစ်တပ်က အသက် ၈ဝအရွယ် ဒေါ်ခင်သန်းကို မီးရှို့သတ်၊ ရွာအဝင်တွင် စစ်တပ်က မိုင်းများထောင်ထားခဲ့ပြီး ဦးမင်းဦး မိုင်းနင်းမိကာ သေဆုံး၊ ပြည်သူများ စုဆောင်းထားသော ရိက္ခာများနှင့် လူနေအိမ်များကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပေါက် အင်းငယ်ဒေါင့်ရွာ၊ ဘို့မယ်ရွာနှင့် တောင်ချို့ ရွာ...

ရန်ကုန်၊ ဧပြီ ၁၁ မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ရှားလှရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီးများက ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၈ဝအရွယ် ဒေါ်ခင်သန်းကို ၎င်းနေအိမ်နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့ကာ ကျေးရွာအတွင်းရှိ ပြည်သူများ စုဆောင်းထားသော...

ဟုမ္မလင်းနှင့် ဖောင်းပြင်အစပ်တွင် PDFနှင့် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၅ ဦး ထက်မနည်းသေဆုံး၊ နတ်မောက်တွင် PDF စခန်း ၁ ခု ဝင်ရောက် စီးနင်းခံရပြီး လက်နက်အချို့နှင့် ဆိုင်ကယ်များ ဆုံးရှုံး

ရန်ကုန်၊ ဧပြီ ၁၁ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အစပ်တွင် ဧပြီလ ၈ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လက်ပါးစေ ပျူ့သူ့စစ်အဖွဲ့များကို ဟုမ္မလင်း PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦး ထက်မနည်းသေဆုံးကြောင်း သိရှိရသည်။ဧပြီလ ၈ ရက်...

Khit Thit သတင်းဌာန၏ ဧပြီ ၁၁ ရက်နေ့ ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၁၁ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့- လမ်းမတော်မြို့နယ် စစ်ဘက်ရေးရာ တာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင် အသတ်ခံရချိန်မှာ အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်း ၂ ဦးပါ သေနတ်နဲ့ ပစ်ခံရတဲ့အတွက် လက်ရှိဆေးရုံမှာ အသက်လု နေရတယ်လို့ သိရပါတယ်။ -...

ရန်ကုန်တစ်မြို့လုံး စစ်တပ်နှင့်ရဲက ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများလုပ်နေ၊ လှည်တန်းအနီး လမ်းပိတ်ထားပြီး အင်းစိန်နှင့်ရန်ကင်းတို့တွင် ဗုံးများပေါက်ကွဲ

ရန်ကုန်၊ ဧပြီ ၁၁ ရန်ကုန်မြို့တွင် ယနေ့ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်ရဲများက ရန်ကုန်တစ်မြို့လုံးကို ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိပြီး လမ်းများပိတ်ဆို့ စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။ ရန်ကုန်မြို့ လှည်တန်းအနီး ရန်ကုန်-ပြည်လမ်းကို ယနေ့ညနေ ၃ နာရီဝန်းကျင်တွင် ခေတ္တပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့လမ်းကို...

မော်လမြိုင်၊ တန့်ဆည်၊ ဖားကန့်နှင့် ငါန်းဇွန်းတို့တွင် စစ်ကောင်စီတပ်များ ပစ်မှတ်ထားတိုက်ခိုက်ခံရ၊ စစ်သား ၁၃ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဧပြီ ၁၁ မော်လမြိုင်၊ တန့်ဆည်၊ ဖားကန့်နှင့် မန္တလေးတိုင်း၊ ငါန်းဇွန်းတို့တွင် စစ်ကောင် စီတပ်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး စစ်သား ၁၃ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက္ခမီလမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ် အမှတ် (၅၆၅) တပ်ထိန်းတပ်ကို မော်လမြိုင်မြို့နယ်...

မင်းဘူးတွင် ဆိုင်ကယ် ၃ ယောက်စီးသည်ဟု ဆိုကာ ဆိုင်ကယ်မောင်းသူ အသက် ၁၉ နှစ်အရွယ် မောင်အောင်ပြည့်စုံကို စစ်တပ်က ဖမ်းဆီးပြီး နာရီပိုင်းအကြာတွင် သေဆုံး၊ အလောင်းပြန်မပေး

ရန်ကုန်၊ ဧပြီ ၁၁ မကွေးတိုင်း မင်းဘူးမြို့တွင် ‎နေထိုင်သူ အသက် ၁၉ နှစ်အရွယ် မောင်အောင်ပြည့်စုံသည် ဧပြီလ ၁၀ ရက်နေ့တွင် သူငယ်ချင်းဖြစ်သူ မိန်းကလေး ၂ ဦးနှင့်အတူ မကွေးမြို့သို့ သွားရောက်လည်ပတ်စဉ် ဆိုင်ကယ်ကို ၃ ဦးစီးသည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခံလိုက်ပြီးနောက် နာရီပိုင်းအကြာတွင်...

လေးကေ့ကော်တွင် စစ်လေယာဉ်ဖြင့် အမျိုးအမည်မသိသော အငွေ့များ ကျဲချ၊ အငွေ့ရှုမိသူများ မူးမော်ခြင်း၊ အရေပြားအသားအရောင်များပြောင်းလဲခြင်းနှင့် ဝမ်းသွားခြင်းများဖြစ်ပေါ်

ရန်ကုန်၊ ဧပြီ ၁၁ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်ဒေသတွင် ယမန်နေ့ ညနေပိုင်း စစ်ကောင်စီတပ်က အမျိုးအမည်မသိသော အငွေ့များကို လေယာဉ်ဖြင့် ကျဲချသွားပြီးယင်းအငွေ့ရှုမိသူများသည် မူးမော်ခြင်း အပါအဝင် နေထိုင်မကောင်းသည့်အခြေအနေများ ကြုံတွေ့နေရကြောင်း ဒေသခံ KNLA သတင်းရင်းမြစ်များထံမှ သိရှိရသည်။"လေထုထဲ အမှုန့်လိုလိုအငွေ့တွေ ရှုမိသူတိုင်း အသားအရေတွေ...

ကလေးမြို့နယ် နတ်ချောင်းရွာကို အကြမ်းဖက်စစ်တပ်က တတိယအကြိမ်မြောက် မီးတင်ရှို့ဖျက်ဆီး၊ တိမ်းရှောင်ပြည်သူများ၏ ကား ၁ စီး ဆိုင်ကယ် ၁ စီးနှင့် ဖုန်းများကို စစ်သားများ လုယူ

ရန်ကုန်၊ ဧပြီ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ယမန့် ဧပြီလ ၁၀ ရက်တွင် ဝင်ရောက်လာကာ နေအိမ်များကို တတိယအကြိမ်မြောက် မီးတင်ရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။"မနေ့ကတည်းက ကလေး-ဂန့်ဂေါလမ်းပိုင်း စစ်ကြောင်းထိုးလာပြီးတော့ မနေ့ညနေပိုင်းလောက် ကတည်းက ရွာကို မီးရှို့တာ ည ၇ နာရီခွဲလောက်အထိ...

ဘီးလင်းတိုးဂိတ်အဟောင်းရှိ အစောင့်စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ခံရ ၊ မန္တလေး ၆၂ လမ်းတွင်လည်း မိုင်းကွဲပြီး ကားတစ်စီးထိမှန်

ရန်ကုန်၊ ဧပြီ ၁၁ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အထွက် တိုးဂိတ်အဟောင်းတွင် စောင့်ကြည့်စစ်ဆေးနေသော စစ်ကောင်စီတပ်များကို ယနေ့ နံနက်ပိုင်း လက်နက်ကိုင်အဖွဲ့တချို့က တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ "ဒီမနက် ဘီးလင်း ရွှေသံလွင် တိုးဂိတ်အဟောင်းနေရာမှာ ပစ်ခတ်မှုဖြစ်တယ်။ ပစ်ခတ်သံတွေ အတော်ကြားရတယ်။ မနက်၇ နာရီကနေ ၁၀ နာရီခန့်အထိ...

လောင်းလုံးတွင် တော်လှန်လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် သင်္ကြန်ပွဲ ပြည်သူများ မပါဝင်ကြရန် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၁ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂနှင့် တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် သင်္ကြန်ပွဲ ပြည်သူများ မပါဝင်ကြရန် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img