26 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: April, 2022

လေတပ်မှ ဒုတပ်ကြပ် စိုးဟိန်းဖြိုးနှင့်ဇနီးကို ကင်းလှည့်စစ်သားများက သေနတ်ဖြင့်ပစ်ခတ်၊ ကြည်းတပ်တပ်နယ်မှူးက လေတပ်ဌာနချုပ်မှူးကို တောင်းပန်ပြီး PDF က ပစ်ခတ်ဟု ညှိနှိုင်းလိမ်လည်ခိုင်း

ရန်ကုန်၊ ဧပြီ ၈ မန္တလေးတိုင်း၊ မိတ္တီလာမြို့တွင် လေတပ်မှ ဒုတပ်ကြပ် စိုးဟိန်းဖြိုးနှင့်ဇနီးကို ကင်းလှည့်စစ်သားများက သေနတ်ဖြင့်ပစ်ခတ်ရာ ဒုတပ်ကြပ်စိုးဟိန်းဖြိုး၏ ပေါင်တွင်လည်းကောင်း၊ ဇနီးဖြစ်သူဒေါ်ကြည်ကြည်ခိုင်၏ ဦးခေါင်းတွင်လည်းကောင်း ကျည်ထိမှန်ဒဏ်ရာရရှိသွားကြောင်း တပ်သတင်းရင်းမြစ်က ပြောသည်။၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းလေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် အုပ်ချုပ်မှုဌာနမှ ဒုတိယတပ်ကြပ် စိုးဟိန်းဖြိုးသည်...

Khit Thit သတင်းဌာန၏ ဧပြီ ၈ ရက်နေ့ နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၈ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-စစ်ကောင်စီဗဟိုဘဏ်ရဲ့ ကြေညာမှုဟာ ဈေးကွက်စီးပွားရေး စနစ်ကို ပျက်ပြယ်ပြီး တိုင်းပြည် တံခါး ပိတ်လိုက်တာလို့ ပြည်တွင်းစီးပွားရေးကျွမ်းကျင်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။- ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မိခင်ဖြစ်သူကို...

ပင်လည်ဘူးတွင် ၆ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပင်လည်ဘူးမြို့ပေါ်ကို ယနေ့ တရက်အတွင်း ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်၊ နေအိမ်အချို့ မီးလောင်ပျက်စီး

ရန်ကုန်၊ ဧပြီ ၈ အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ်တွင် ယနေ့ ဧပြီလ ၈ ရက် နံနက်ပိုင်းတွင် တိုက်လေယာဉ်များဖြင့် ၃ ကြိမ် ဗုံးကျဲချတိုက်ခိုက်ခဲ့ပြီး နေအိမ် ၃ လုံးထက်မနည်း မီးလောင်ပျက်စီးနေပြီး ပြည်သူအချို့ ထိခိုက်မှုရှိနေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ယနေ့ နံနက်အစောပိုင်း ၄...

အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ် ချီတက်

ရန်ကုန်၊ ဧပြီ ၈ ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု က ၃၉၄ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု ဧပြီ ၈ ရက်တွင် ပြုလုပ်ခဲ့သည်။

မြန်မာ့အကျပ်အတည်း- မတိုးသာမဆုတ်သာ လူသားချင်းစာနာမှု သို့မဟုတ် အခွင့်အလမ်းသစ်

By ADELINA KAMALမကြာမီကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသည် မြန်မာနိုင်ငံ၌ လက်ရှိ မတိုးသာမဆုတ်သာ ဖြစ်နေသည့် လူသားချင်းစာနာမှုအခြေအနေများကို ကျော်လွှားနိုင်ရေး ချဉ်းကပ်မှု အသစ်များကို စဉ်းစားခွင့်ရရှိလာစေမည် ဖြစ်သည်။လာမည့် ရက်သတ္တပတ်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အွန်လိုင်းနှင့် လူကိုယ်တိုင် တက်ရောက်မှု ပေါင်းစပ်ကျင်းပသည့် ဟိုက်ဘရစ်အစည်းအဝေးကို ဖနွမ်းပင်မြို့၌ ကျင်းပမည်ဖြစ်ပြီး...

နွေဦးတော်လှန်ရေးအတွက် အဆိပ်တစ်ခွက် သို့မဟုတ် အမှောင်ကမ္ဘာတွင် အသားကျချင်သူများ

By လမ်းသစ် ကြိုက်နှစ်သက်မိသည့် စာရေးဆရာကြီးတစ်ဦး ရေးသားထားသည့် စိတ်ဝင်စားဖွယ် စာတစ်ပုဒ်ကို ဖတ်မိပြီးနောက် အတွေးများ ဆင့်ပွားမိသည်။ Fear To Freedom ကို ကိုးကားထားသော “လွတ်မြောက်ခြင်းကို ကြောက်ရွံ့သူများ”ဆိုသည့် ပြင်သစ်တော်လှန်ရေးနှင့် ပတ်သတ်သော အကြောင်းအရာတစ်ခု ဖြစ်သည်။အတိုချုပ်ပြောရပါက ပြင်သစ်နိုင်ငံ၏...

လွိုင်ကော်၊ ငွေတောင်သစ်ရွာတိုက်ပွဲတွင် စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို သေ ဆုံးဟုဆို၊ စစ်ကိုင်းမြို့နယ် ဆားတောင်မြို့တွင် တိုက်ပွဲဖြစ်ပြီး စစ်သားနှင့်ပျူစောထီး ၂၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၈ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ငွေတောင်သစ်ရွာတိုက်ပွဲတွင် စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၈ ရက်နေ့ ငွေတောင်ရွာသစ်တိုက်ပွဲတွင် အထူးစစ်ဆင်ရေးစနိုက်ပါ အဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ဧပြီလ...

၅/ မုံရွာမြို့ရဲ့ ရဲရဲတောက် သွေးသစ်လူငယ်များက “အပျော်သင်္ကြန် တို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ”ကြွေးကြော်ချီတက်

ရန်ကုန်၊ ဧပြီ ၈ အာဇာနည်တို့သွေး ရဲရဲတောက်နေတဲ့ မုံရွာမြို့အထင် ကရ အာဇာနည်လမ်းမပေါ်မှာ မုံရွာလူငယ်များအစည်း အရုံးနဲ့ ရပ်ကွက်သပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး အာဏာရှင်ကိုဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။"အပျော်သင်္ကြန် တို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ"ဆိုတဲ့စာသားကို သပိတ်တပ်ဦးအရှေ့ကနေလွင့်ထူပြီး ချီတက်ခဲ့တာဖြစ်တယ်။"ဒီနှစ်ရဲ့ လာမယ့်အတာသင်္ကြန်ကာလမှာ ပြည်သူများအနေနဲ့ စကစ မှအထူးပြုလုပ်ထားသော သင်္ကြန်ရေကစားမဏ္ဍပ်များကို သွားရောက် ရေကစားခြင်းမပြုကြရန်၊...

ဆားလင်းကြီးတွင် “ဖက်ဆစ်သင်္ကြန် တို့လက်မခံ” စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ချီတက်

ရန်ကုန်၊ ဧပြီ ၈ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လူစည်ကားသော စျေးတစ်ခုတွင် ဖက်ဆစ်သင်္ကြန် တို့လက်မခံ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ချီတက်သပိတ်မှောက်ကြသည်။ ...

Khit Thit သတင်းဌာန၏ ဧပြီ ၈ ရက်နေ့ မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၈ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်၊ ရေယာဉ်၊ ရဟတ်ယာဉ်၊ စက်ယာဉ်ယန္တယားတွေ ယူဆောင်တာ ဖျက်ဆီးတာ လုပ်ဆောင်ပေးရင် ကျပ်ငွေ သိန်း ၂၀၀၀ ကနေ ကျပ်သိန်း ၁သောင်းအထိ ချီးမြှင့်မယ်လို့ NUG သမ္မတ ဒူဝါလရှီးလ...

Latest news

- Advertisement -spot_img