25 C
Yangon

ပခုက္ကူမြို့နယ်၊ ဆားကျင်းရွာအနီးနှင့် မုံတောင်အန္တရာယ်ကွေ့၌ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲခံရပြီး စစ်သား ၁၀ ဦး နေရာတွင် သေဆုံး၊ ကား ၁ စီး ပျက်စီး

Must read

ရန်ကုန်၊ မေ ၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆားကျင်းကျေးရွာအနီးနှင့် မုံတောင် အန္တရာယ်ကွေ့တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ယနေ့ မေလ ၁ ရက် နံနက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦး နေရာတွင် သေဆုံးကာ စစ်ကား ၁ စီး ပျက်စီးသွားကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC-KC PDF) က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၈ နာရီခန့်တွင် ဆားကျင်းကျေးရွာအနီး၌ စစ်ကား ၃ စီးနှင့်အတူ မိုင်းများရှာဖွေနေသော စစ်ကောင်စီအဖွဲ့ကို (MC-KC PDF) တပ်ခွဲ ၃ က မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရှိရသည်။

နံနက် ၁၀ နာရီခန့်တွင် ပခုက္ကူ-ဆိပ်ဖြူကားလမ်း မုံတောင်အန္တရာယ်ကွေ့၌ အကြမ်းဖက်စစ်ကောင်စီ မော်တော်ယာဉ် ၂ စီးကို (MC-KC PDF) တပ်ခွဲ ၁ အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တိုက်ခိုက်မှု ၂ ခုတွင် စစ်သား ၁၀ ဦး နေရာတွင် သေဆုံးပြီး စစ်ကား ၁ စီး ပျက်စီးသွားကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှု ၂ ခုတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ကာ MC-KC PDF ရဲဘော် ၁ ဦး လက်ဖျံနှင့် ပေါင်တွင် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article