25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထိတွေ့ဆက်ဆံဖို့ မလေးရှားအစိုးရက တရားဝင်အဆို ပြုမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
-မင်းအောင်လှိုင်ခေါင်းဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ နေအိမ် ၁၁,၀၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်လို့ Data for Myanmar က သတင်းထုတ်ပြန်ပါတယ်။
– ရန်ကုန်တိုင်းသန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် သွေးသောက်အဖွဲ့ခေါင်းဆောင်ရန်နိုင်ရွှေကို သုတ်သင် ရှင်းလင်းခဲ့တယ်လို့ သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။
– မွန်ပြည်နယ်ဘီးလင်းမြို့နယ်ကို စစ်ကောင်စီက မနေ့က တစ်နေကုန် စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ် တွေနဲ့ ပစ်ခတ်တာကြောင့် ဘုန်းကြီးကျောင်းတွေနဲ့ပြည်သူတွေရဲ့နေအိမ်တွေ ပျက်ဆီးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article