25 C
Yangon

ထီးလင်း ၊ ရေမျက်နီ ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရကာ စစ်သား ၁ ဦးသေဆုံး၊ ပုလောတွင်လည်း စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွား ကာ စစ်သား ၂ဦးသေဆုံးပြီး တိုက်ပွဲများကြောင့် ပြည်သူများ စစ်ဘေးရှောင်ရ

Must read

ရန်ကုန်၊ မေ ၂

မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီရဲစခန်းကို YDF (Htilin) တပ်ဖွဲ့က မေလ ၂ ရက်နေ့ နံနက် ၅နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Yaw Defence Force Htilin ထံမှ သိရသည်။

ရေမျက်နီ ရဲစခန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် YDF (Htilin) ကို တယ်လီဖုန်းဖြင့် ဆဲဆို စိန်ခေါ် ခဲ့ခြင်းကြောင့် YDF (Htilin) အထူး ကွန် မန်ဒို တပ်ဖွဲ့မှ သတိပေး သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ပစ်ခတ် တိုက်ခိုက်ချိန် မိနစ် ၃ဝ ခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြာင်း YDF (Htilin) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း ပုလောမြို့ ကျောင်းနိမ့် ကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် ယနေ့ မေလ ၁ရက်နေ့ မွန်းလွဲပိုင်းတွင် ပုလောဒေသ ကာကွယ်ရေး တပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Palaw Regional Defense FORCE – PRDFက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲသည် မွန်းလွဲပိုင်းမှ စတင်ကာ ညနေ ၃နာရီ ၃ဝမိနစ်ထိ ဖြစ်ပွား ခဲ့ပြီး စစ်သား ၂ဦးသေဆုံးခဲ့ကာ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အနီးအနားရှိ ပြည်သူပိုင် နေအိမ် ၄လုံးကို မီးရှို့ ဖျက်ဆီး ခဲ့ပြီး ကျောင်းနိမ့်၊ ပိန္နဲတောင်၊ ဆားခဲ ရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများကို ပုလော စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေး ကော် မတီ (IDPCMC) နှင့် ပြည်သူ့ ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုများမှ ရဲဘော် များက အကူအညီဖြင့် စစ်ဘေးရှောင် ပြည်သူများကို ဘေးကင်း လုံခြုံရာသို့ ပြောင်းရွေ့နေရာ ချထားပေးကြောင်း Palaw Regional Defense FORCE – PRDF က ထုတ်ပြန်ထားသည်။

Photo – ပုလောတွင် အကြမ်းဖက် စစ်တပ်မှ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးသောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article